Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ လက်ရွေးစင်ဘောလုံးအသင်း ဂိုးပြတ်ရှုံးပြီး ရှုံးပွဲစံချိန်ထပ်တင်

ဘောလုံးပွဲများကို နှစ်ခြိုက်စွာအားပေးတက်ကြသောမြန်မာပြည်သူအများစုကလည်း စစ်ကောင်စီလက်အောက်တွင် ယှဥ်ပြိုင်နေသော ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်းသာကျေနပ်နေကြသည်။

ဓာတ်ပုံ - MFF
ဓာတ်ပုံ - MFF

စစ်ကောင်စီ​၏ မြန်မာဘောလုံးအသင်းသည် ယနေ့(ဇွန်လ ၁၆) ညနေပိုင်းတွင် နိုင်ငံတကာခြေစမ်းပွဲအဖြစ် တရုတ်အသင်းနှင့်ယှဥ်ပြိုင်ရာ လေးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီး ရှုံးပွဲများ ဆက်နေခဲ့သည်။

မြန်မာအသင်းတွင် ပြည်ပကလပ်များ၌ သွားရောက်ကစားနေသည့် မောင်မောင်လွင်၊ သန်းပိုင်၊ ကျော်မင်းဦး၊ ဟိန်းဖြိုးဝင်း အစရှိသည့် ကစားသမားများ အစုံအလင်ပါဝင်ခဲ့သော်လည်း အဓိကတိုက်စစ်မှူးအောင်သူ ဒဏ်ရာကြောင့် ပါဝင်လာခြင်း မရှိခဲ့ပေ။

ယင်းပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်တရုတ် အသင်းကို ယှဥ်ကစားနိုင်ခြင်းမရှိဘဲ ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်း နှစ်ဂိုး ခွင့်ပြုခဲ့ရကာ ပွဲအပြီး၌ လေးဂိုးပြတ်ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

“အရင်ထဲက အဆင့်မမှီတဲ့ မြန်မာအသင်း စစ်ကောင်စီလက်ထက်မှာ ဘောမပြီး သွားကန်ကြတော့ ဒီလောက် ရှုံးတာတောင် နည်းသေးတယ်။ စစ်တပ်လက်အောက်မှာ နိုင်ငံက အဖက်ဖက်က ဆိုးဝါးနေမှတော့ အားကစားလဲ ပိုဆိုးလာတာ မဆန်းပါဘူး”ဟု မြန်မာပရိသတ်တစ်ဦးကလည်း မှတ်ချက်ပြုခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ​၏ လက်ရွေးစင်ဘောလုံးအသင်းသည် အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၁ မေလမှ ယနေ့အထိ နိုင်ငံတကာ ပြိုင်ပွဲနှင့် ခြေစမ်းပွဲ ၂၁ ပွဲ ယှဉ်ပြိုင်ရာ ၁၇ ပွဲအထိ ရှုံးနိမ့်ထားပြီး ၁ ပွဲသာ အနိုင်ရကာ ၃ ပွဲသရေ ရလဒ်ထွက်ထားသည်။

ထို့အပြင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်သည့်ပွဲစဉ်တွင် ဂျပန်အသင်းကို (၁၀ ဂိုး- ဂိုးမရှိ)၊ ကာဂျစ်စ္စတန်အသင်းကို (၈ ဂိုး- ၁ဂိုး) တို့ဖြင့် အရှက်တကွဲ ရှုံးနိမ့်ထားသည်။

ဘောလုံးပွဲများကို နှစ်ခြိုက်စွာအားပေးတက်ကြသောမြန်မာပြည်သူအများစုကလည်း စစ်ကောင်စီလက်အောက်တွင် ယှဥ်ပြိုင်နေသော ဘောလုံးအသင်း ရှုံးပွဲကြုံလျှင် ဝမ်းသာကျေနပ်နေကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။