Connect with us

Hi, what are you looking for?

သတင်း

ဝန်းသိုတွင် ဆီကားများထံအခွန်လာကောက်သည့် ပျူအဖွဲ့တိုက်ခိုက်ရာသုံးဦးသေ၊ လက်နက်အချို့ သိမ်းဆည်းရရှိ

ဇွန်လ ၁၅ ရက် နံနက် ၇နာရီခန့်က ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက်ဆီဆိုင်ရှိ ဆီသယ်ယာဥ်များအား ဝန်းသိုမြို့ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်၊ အဖွဲ့ဝင် ဝင်းကိုနှင့် အမည်မသိပျူတစ်ဦးတို့က အခွန်​လာကောက်ခဲ့သည်။

သိမ်းဆည်းရမိခဲ့သော လက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ-WR
သိမ်းဆည်းရမိခဲ့သော လက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ-WR

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်တွင် ဆီသယ်ယာဥ်များ အခွန်လာကောက်သည့် ပျူစောထီးအဖွဲ့အား ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကောလင်းခရိုင်အမှတ်(၄)​တပ်ရင်း၏ ထောက်လှမ်းရေးအရာရှိက ပြောသည်။

ဇွန်လ ၁၅ ရက် နံနက် ၇နာရီခန့်က ဝန်းသိုမြို့အရှေ့ဘက် ရွှေကောင်းထက်ဆီဆိုင်ရှိ ဆီသယ်ယာဥ်များအား ဝန်းသိုမြို့ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းမောင်၊ အဖွဲ့ဝင် ဝင်းကိုနှင့် အမည်မသိပျူတစ်ဦးတို့က အခွန်​လာကောက်ခဲ့သည်။

အဆိုပါ ပျူ သုံးဦးကို ပစ်ခတ်တိုက်ခိုက်ရာ သုံးဦးစလုံး သေဆုံး၍ ၎င်းတို့ထံမှ ကာဘိုင် (၁)လက် ၊ KA (၁)လက်နှင့် လက်လုပ်သေနတ်များရရှိခဲ့ကြောင်း Wuntho Revolution-WR အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“အချိန်ကတော့ ၁၅မိနစ်လောက်ပဲကြာပါတယ်။ သူတို့ ပြန်မပစ်နိုင်ဘူး။ ဝန်းသိုမြို့အရှေ့ဘက် မီတာ၁၀၀အကွာမှာ ရှိတဲ့ရွှေကောင်းထက်ဆီဆိုင်ထဲမှာပါ။ မြို့နဲ့နီးတယ်။ မီတာ ၁၀၀ဆိုတာ ဘောလုံးကွင်း တစ်ကွင်း စာလောက်တောင်မဝေးဘူး။ ဖြစ်ပြီးစကစတွေရောက်လာတယ်။ ပြီးတော့ ပတ်ချာလှည့်ပြီး တောတွေကို (၆၀)မမနဲ့ ထုတယ်။”ဟု‌ ထောက်လှမ်းရေးအရာရှိက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ဝန်းသိုမြို့နယ်တွင်းရှိ PDFနှင့် ပကဖများပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။