Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ် ညောင်ပင်ကြီးရွာ စစ်ကောင်စီတပ် မီးထပ်ရှို့၊ ‌ပြည်သူလေးဦး၏ ရုပ်အလောင်းတွေ့

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

(ယနေ့နံနက်ပိုင်းက ညောင်ပင်ကြီးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(ယနေ့နံနက်ပိုင်းက ညောင်ပင်ကြီးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေပြီး ပြည်သူ၄ဦး၏ ရုပ်အလောင်းများလည်း တွေ့ရှိထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇွန်လ ၂၀ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်သည် ညောင်ပင်ကြီးကျေးရွာရှိ ရွှေအင်းလေးရပ်ကွက်နှင့် သိမ်တော်ရပ်ကွက်အား မီးရှို့ဖျက်ဆီးနေပြီး စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး အပါအဝင် ပြည်သူ လေးဦး၏ ရုပ်အလောင်းများတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“စိတ်ကျန်းမာရေးမကောင်းတဲ့ ရွာထဲ လျှောက်သွားနေတဲ့ အမျိုးသားတစ်ယောက်က လတ်နက်ကြီးမှန်ပြီး မနေ့ညနေက ဆုံးသွားပြီ။ ညောင်ပင်ကြီး ကူးတို့ဆိပ်မှာ အသတ်ခံရတဲ့ ပြည်သူ သုံးဦးကတော့ ရွှေကုန်းကလို့ သိရတယ်။ အတည်ပြုနေဆဲပဲ။ အလောင်းတွေက ခွေးစား ​ကျီးထိုးထားလို့ ဘယ် သူ ဘယ်ဝါဆိုတာ မသိရတော့ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ညောင်ပင်ကြီး ရွာတောင်ဘက်တွင် ရွာတံခါးပြုလုပ်၍ ပိတ်ထားပြီး တံခါးအောက်၌ မိုင်းများလည်းထောင်ထားကြောင်း ဒေသခံအချို့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ဘေးရှောင်အရေအတွက်များပြားနေပြီး နေ့စဥ်လူဦးရေထောင်နှင့်ချီ ကျွေးမွေးနေရသဖြင့် ရိက္ခာအခက်အခဲများလိုအပ်နေကြောင်း ဒေသတွင်းစစ်ရှောင် ကူညီနေသူများက ပြောသည်။

ဇွန်လ၉ရက် ညနေပိုင်းမှစတင်ကာ စစ်ကောင်စီတပ်၏ ညောင်ပင်ကြီးစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ရဲအပါအဝင် ၁၂ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းနိုင်ခဲ့သည်။

ထိုနေ့မှစ၍ ညောင်ပင်ကြီးရွာအပါအဝင် အနီးဝန်းကျင်ရွာများအား စစ်ကောင်စီတပ်က နေ့စဥ်ရက်ဆက် ဆက်တိုက်မီးရှို့ခဲ့သည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ပထမတစ်ပတ်အတွင်း နေအိမ်၃၀၀ကျော် ပြာကျခဲ့သည်။ လက်ရှိအခြေအနေမှာ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ၍ မီးလောင်အိမ်ခြေအရေအတွက် မသိရသေးပေ။

အဆိုပါ ဖြစ်စဥ်တွင် ပြည်သူ သုံးဦးသေဆုံးပြီး ပအဖအဖွဲ့ဝင် တစ်ဦးနှင့် ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ ညောင်ပင်ကြီးစခန်းဝန်းကျင်မှ ကျေးရွာအများအပြားက ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်