Connect with us

Hi, what are you looking for?

သတင်း

ပန်းပန်သည့်ပုံ လူမှုကွန်ရက်တင်ခဲ့သည်ဆိုကာ နတ်တလင်းဒေသခံသုံးဦးကို စစ်ကောင်စီ မတရားဖမ်းဆီး

ဖမ်းဆီးခံရသူများသည် နတ်တလင်းမြို့မှ ကိုသန့်စင်ထက်၊ မခင်ပြည့်ပြည့်အောင်နှင့် မဝင်းလေးတို့ဖြစ်သည်။ ၎င်းတို့ သုံးဦးအား ဖမ်းဆီးရန် စစ်ကောင်စီလော်ဘီအကောင့်များက လှုံ့ဆော်ပြီး နာရီပိုင်းအကြာတွင် နတ်တလင်းမြို့မ ရဲစခန်းမှူးဦး‌ဆောင်ပြီး ဖမ်းဆီးခြင်းဟု သိရသည်။

(ယမန်‌နေ့က ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး PDFမှ ရဲမေတစ်ဦး ပန်းပန်၍ မွေးနေ့ပွဲဆင်နွှဲနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)
(ယမန်‌နေ့က ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေး PDFမှ ရဲမေတစ်ဦး ပန်းပန်၍ မွေးနေ့ပွဲဆင်နွှဲနေစဥ်။ ဓာတ်ပုံ - မန္တလေး PDF)

ပဲခူးတိုင်း နတ်တလင်းမြို့မှ ဒေသခံ သုံးဦးသည် ဇွန်လ ၁၉ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ အမှတ်တရအဖြစ် ပန်းပန်သည့်ပုံ လူမှုကွန်ရက်၌တင်ခဲ့သည်ဟုဆိုကာ စစ်ကောင်စီက မတရားဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

“ပန်းပန်တဲ့ပုံ၊ ပန်းပုံတင်လို့ဆိုပြီး လာဖမ်းသွားတာ။ ပြန်မလွတ်သေးဘူး။ ဘာတွေ ဆက်ဖြစ်မှာလဲ မသိဘူး “ဟု နတ်တလင်းမြို့ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် နတ်တလင်းမြို့မှ ကိုသန့်စင်ထက်၊ မခင်ပြည့်ပြည့်အောင်နှင့် မဝင်းလေးတို့ဖြစ်သည်။ ၎င်းတို့ သုံးဦးအား ဖမ်းဆီးရန် စစ်ကောင်စီလော်ဘီအကောင့်များက လှုံ့ဆော်ပြီး နာရီပိုင်းအကြာတွင် နတ်တလင်းမြို့မ ရဲစခန်းမှူးဦး‌ဆောင်ပြီး ဖမ်းဆီးခြင်းဟု သိရသည်။

ယနေ့(ဇွန် ၂၀ရက်) နံနက်အထိ နတ်တလင်းမြို့မရဲစခန်း၌ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ကိုသန့်စင်ထက်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် ပါဝင်သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁က ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နီးပါး မတရား ထောင်ကျခဲ့သူဖြစ်သည်။ ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံ၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်တွင် ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားခြင်းဟု မြို့ခံများက‌ ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်‌နေ့က ကျရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ကို နိုင်ငံတဝန်း ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာရောက် မြန်မာများက ပန်းသပိတ်ဆင်နွှဲခဲ့ကြသည်။ ပန်းသပိတ်တွင် ပါဝင်သူများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့ရာ ရန်ကုန်၊ မန္တလေး၊ ‌ကလေးမြို့တို့တွင် အရပ်သားအချို့ဖမ်းဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။