Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရပ်ကွက်ရုံး လုံခြုံရေးကင်းက ပစ်ခတ်လို့ လူငယ် ၁ ဦးထိမှန်ဒဏ်ရာ

ဇွန်လ ၂၄ ရက်ည ၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ လုံခြုံရေးကင်းက ပစ်ခတ်တာလို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ မှာ ပစ်ခတ်ခံရသူ လူငယ် ၂ ဦး(ပုံဟောင်း)
၂၀၂၂ ခုနှစ် ဧပြီလအတွင်း ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ မှာ ပစ်ခတ်ခံရသူ လူငယ် ၂ ဦး(ပုံဟောင်း)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်ရုံး လုံခြုံရေးကင်းနားမှာ ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ လူငယ် ၁ ဦး ပြီးခဲ့တဲ့ ရက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဆေးရုံမှာကုသနေရပါတယ်။

ဇွန်လ ၂၄ ရက်ည ၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ လုံခြုံရေးကင်းက ပစ်ခတ်တာလို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

ပစ်ခတ်ခံရတဲ့ လူငယ်ဟာ ချမ်းအေးသာစံမြို့နယ်မှာနေထိုင်သူဖြစ်ကာ လက်ဖျံနဲ့ ဝမ်းဗိုက် ထိမှန်ပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေရပါတယ်။

အဲဒီဖြစ်စဉ်ကို စစ်အုပ်စုဘက်ကသတင်းဖော်ပြရာမှာတော့ ဆိုင်ကယ် ၂ စီး နဲ့လူငယ် ၄ ဦးဟာ ရပ်ကွက်ရုံးရှေ့ အစောင့်ဂိတ် ကို ဆဲဆိုသွားလို့ ခြောက်လှန့်ပစ်ခတ်တာလို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ် ဧပြီလဆန်းပိုင်းကလည်း ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ လုံခြုံရေးကင်းနားမှာ ဆိုင်ကယ်စီး လူငယ် ၂ ဦးပစ်သတ်ခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။