Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ရပ်ကွက်ရုံး လုံခြုံရေးကင်းက ပစ်ခတ်လို့ လူငယ် ၁ ဦးထိမှန်ဒဏ်ရာ

ဇွန်လ ၂၄ ရက်ည ၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ လုံခြုံရေးကင်းက ပစ်ခတ်တာလို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ မှာ ပစ်ခတ်ခံရသူ လူငယ် ၂ ဦး(ပုံဟောင်း)
၂၀၂၂ ခုနှစ် ဧပြီလအတွင်း ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ မှာ ပစ်ခတ်ခံရသူ လူငယ် ၂ ဦး(ပုံဟောင်း)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်ရုံး လုံခြုံရေးကင်းနားမှာ ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ လူငယ် ၁ ဦး ပြီးခဲ့တဲ့ ရက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဆေးရုံမှာကုသနေရပါတယ်။

ဇွန်လ ၂၄ ရက်ည ၁၀ နာရီခန့်က မဟာအောင်မြေမြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ လုံခြုံရေးကင်းက ပစ်ခတ်တာလို့ ဒေသခံအချို့ဆီက စုံစမ်းသိရပါတယ်။

ပစ်ခတ်ခံရတဲ့ လူငယ်ဟာ ချမ်းအေးသာစံမြို့နယ်မှာနေထိုင်သူဖြစ်ကာ လက်ဖျံနဲ့ ဝမ်းဗိုက် ထိမှန်ပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူနေရပါတယ်။

အဲဒီဖြစ်စဉ်ကို စစ်အုပ်စုဘက်ကသတင်းဖော်ပြရာမှာတော့ ဆိုင်ကယ် ၂ စီး နဲ့လူငယ် ၄ ဦးဟာ ရပ်ကွက်ရုံးရှေ့ အစောင့်ဂိတ် ကို ဆဲဆိုသွားလို့ ခြောက်လှန့်ပစ်ခတ်တာလို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ နှစ် ဧပြီလဆန်းပိုင်းကလည်း ရဲမွန်တောင်ရပ်ကွက်ရုံးရှေ့ လုံခြုံရေးကင်းနားမှာ ဆိုင်ကယ်စီး လူငယ် ၂ ဦးပစ်သတ်ခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းငလျင်ကြီးတစ်လပြည့်ရန်နာရီပိုင်းအလိုတွင် မန္တ​လေးမြို့အနီး ယ​နေ့ (ဧပြီ ၂၇)ည ၁၀ နာရီ ၂၅ မိနစ်တွင် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သွား​ကြောင်း​ဒေသခံများက​ပြောသည်။

သတင်း

မန္တလေး ၊စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြား၌ယနေ့(ဧပြီလ၂၇ရက်)ညနေပိုင်းတွင် မိုးသက်လေပြင်းကျခဲ့ပြီးမြို့နယ်အချို့တွင် မိုးသီးများကြွေကျခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် မှာငလျင်ကြောင့်ပြိုကျခဲ့တဲ့ Golden City ဟိုတယ်အဆောက်အဦးကို ရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ ရုပ်အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ မီးသတ်က ထုတ်ပြန်ပါတယ်။

သတင်း

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ဟာ ငလျင်ဘေးသင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ နောက်ဆက်တွဲ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ပေါ်ပေါက်လာနိုင်ခြေကို သတိပေး ပြောကြားလိုက်ပါတယ်။