Connect with us

Hi, what are you looking for?

သတင်း

ပလောက်မြို့တွင် ပျူနှစ်ဦးကို ပစ်ခတ်ရှင်းလင်း၊ သေနတ်နှစ်လက်သိမ်းဆည်းရရှိ

ပုလောစစ်ကြောင်း(၁)အနေဖြင့် စစ်မိစ္ဆာ အာဏာရူးများကို အမြစ်ပြတ်ချေမှုန်းရန် လက်နက်ခဲယမ်းများ၊ ကျည်နှင့် တခြားလိုအပ်သောပစ္စည်းများ ဝယ်ယူရနငွေကြေးလိုအပ်ချက်ရှိ‌နေသော ကြောင့် ပြည်တွင်း၊ပြည်ပမှ မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီအား ဖြည့်ပေးပါရန် မေတ္တာရပ်ခံထားသည်။

(ပျူ နှစ်ဦးထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ။ဓါတ်ပုံ-PPDF)
(ပျူ နှစ်ဦးထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ။ဓါတ်ပုံ-PPDF)

ပုလောမြို့နယ်၊ ပလောက်မြို့ သရက်တပင်ရွာနှင့် ညောင်ရှင်ကုန်းရွာမှ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ပျူစောထီးနှစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုလောစစ်ကြောင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပလောက်မြို့နယ်(ခွဲ) သရက်တပင်ရွာမှ ပျူ‌စောထီး ဒုခေါင်းဆောင် ဦးမျိုးတင့်နှင့် ညောင်ရှင်ကုန်းရွာမှ ဦးစိန်သန်း စစ်ကောင်စီတပ်၏ ထောက်တိုင် ပျူစောထီးနှစ်ဦးကို ပုလောစစ်ကြောင်း (၁)မှ ဇွန်လ ၂၄ ရက် ညနေ ၃ နာရီခွဲခန့်တွင် သွာရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“(ပျူစောထီး)ပြည်သူ့စစ်နှစ်ဦးမှာ တစ်ယောက်က တော့ ဒုခေါင်းဆောင်ပါ။ သူတို့ရဲ့နေအိမ်အထိသွား ရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ ပြန်ခုခံတာမျိုးမရှိပါဘူး”ဟု ပုလော စစ်ကြောင်း (၁)တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

အထက်ပါ ပျူစောထီးနှစ်ဦးထံမှ AK နှစ်လက် ၊ ကျည်ဘောက် လေးခု၊ ကျည်ဆံ – ၁၃၃ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့အပြင် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက သည်။

Public Service Announcement

Public Service Announcement

၎င်းပျူစောထီးနှစ်ဦးသည် လက်နက်ကို ကိုင်ဆောင်ထားသူများလည်းဖြစ်ပြီး နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်နေချိန်တွင် လက်နက်အားကိုးဖြင့် ပြည်သူများအပေါ် မတရားဖိနှိပ်ချုပ်ခြယ်ပြောဆိုဆက်ဆံကာ ခြိမ်း‌ခြောက်မှုများ ပြုလုပ်နေပြီး အများပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လုပ်ပိုင်ခွင့်များကို ကိုယ်ကျိုးစီးပွားအတွက် ခေါင်းပုံဖြတ် အမြတ်ထုတ် အခွင့်ကောင်းယူနေသူများဖြစ် ကြောင်း ပုလော စစ်ကြောင်း (၁)က ဆိုသည်။

ပုလောစစ်ကြောင်း(၁)အနေဖြင့် စစ်မိစ္ဆာ အာဏာရူးများကို အမြစ်ပြတ်ချေမှုန်းရန် လက်နက်ခဲယမ်းများ၊ ကျည်နှင့် တခြားလိုအပ်သောပစ္စည်းများ ဝယ်ယူရနငွေကြေးလိုအပ်ချက်ရှိ‌နေသော ကြောင့် ပြည်တွင်း၊ပြည်ပမှ မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီအား ဖြည့်ပေးပါရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။