Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုအား PDF တပ်ရင်း(၂)ရင်း တိုက်ခိုက်

ပြည်သူများအနေဖြင့်လည်း ပြည်သူ့ကာကွယ်‌‌ရေးတပ်သားများအား စစ်ရေးအရ သတင်းမပေါက်ကြား‌​စေရန်အတွက် ကူညီပေးခြင်းဖြင့် တော်လှန်ရေးအား တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးရန် Red Wolves Of Mogok အဖွဲ့က တောင်းဆိုထားသည်။

(တပ်ရင်း (၁၂၂၁) နှင့် (၁၂၂၃)မှ ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဥ်)
(တပ်ရင်း (၁၂၂၁) နှင့် (၁၂၂၃)မှ ရဲဘော်တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဥ်)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုအား PDF တပ်ရင်း (၂)ရင်းက ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများကြောင်း တပ်ရင်း (၁၂၂၁) Red Wolves Of Mogok အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ ၂၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က မိုးကုတ်အနောက်ပိုင်း၊ အုန်ဒံကျေးရွာအနီးရှိ စစ်ကောင်စီ စခန်းတစ်ခုအား တပ်ရင်း (၁၂၂၁) နှင့် (၁၂၂၃)တို့က တိုက်ခိုက်ခဲ့ရာ အချိန် ၃နာရီခွဲခန့် ကြာမြင့်ခဲ့ကြောင်း မိုးကုတ်အခြေပြုတပ်ရင်းများက သတင်းထုတ်ပြန်ခဲ့သည်။

ရန်သူဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ည ၇ နာရီ ကျော်တွင် စစ်ကောင်စီကလေကြောင်းမှ ငါးကြိမ်ပျံဝဲခဲ့ပြီး သုံးကြိမ်တိုင် ပေါင်၂၀၀ ဗုံးများကြဲချခဲ့သော်လည်း ရဲဘော်များမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မိုးကုတ်အခြေပြုတပ်ရင်းများက အသိပေးသည်။

Public Service Announcement
Public Service Announcement

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က (၃၀) ဝန်းကျင်သေဆုံးခဲ့သည်ဟု သတင်းရကြောင်း၊ ရန်သူ့ဘက်မှ တပ်ကူများဖြည့်တင်းကာ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့၍ စခန်းသိမ်းနိုင်ခြင်းမရှိကြောင်း Red Wolves Of Mogok အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းနှင့် ပတ်သက်၍ “စကစ စခန်းတည်နေရာ၊ အင်အား၊ စစ်ကူလာနိုင်မှုအခြေအနေ ဝင်လမ်းထွက်လမ်း လမ်းကြောင်းအခြေအနေတို့ ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး မိမိတို့ တပ်ဖွဲ့တွေရဲ့ စည်းရုံးညီညွှတ်မှု ဇွဲလုံ့လနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေးမှုန်မည်ဆိုတဲ့ ခံယူချက်တွေကြောင့်ပါ။”ဟု Red Wolves Of Mogok အဖွဲ့၏ တာဝန်ခံက ပြောသည်။

သို့သော် စစ်ကောင်စီဘက်က သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပြည်သူများအနေဖြင့်လည်း ပြည်သူ့ကာကွယ်‌‌ရေးတပ်သားများအား စစ်ရေးအရ သတင်းမပေါက်ကြား‌​စေရန်အတွက် ကူညီပေးခြင်းဖြင့် တော်လှန်ရေးအား တတ်နိုင်သည့်ဘက်မှ ပါဝင်ပေးရန် Red Wolves Of Mogok အဖွဲ့က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။