Connect with us

Hi, what are you looking for?

သတင်း

သက်ကြီးရွယ်အိုတွေရဲ့ ထောက်ပံ့ကြေးကို စစ်ကောင်စီထက်ဝက်လျော့ချ

ထောက်ပံ့ကြေးပမာဏနဲ့ ထောက်ပံ့ငွေပေးတဲ့ အကြိမ်ရေကိုလည်း လျော့ချလိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက တရားဝင်ကြေညာထားတာပါ။

သက်ကြီးရွယ်အိုတွေရဲ့ ထောက်ပံ့ကြေးကို စစ်ကောင်စီထက်ဝက်လျော့ချ
သက်ကြီးရွယ်အိုတွေရဲ့ ထောက်ပံ့ကြေးကို စစ်ကောင်စီထက်ဝက်လျော့ချ

အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ ရရှိနေတဲ့ သက်ကြီးလူမှုရေးထောက်ပံ့ကြေး တစ်နှစ် ၁၂၀,၀၀၀ ကျပ် ကို စစ်ကောင်စီက ထက်ဝက်လျော့ချလိုက်ပါတယ်။

ထောက်ပံ့ကြေးပမာဏနဲ့ ထောက်ပံ့ငွေပေးတဲ့ အကြိမ်ရေကိုလည်း လျော့ချလိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီက တရားဝင်ကြေညာထားတာပါ။

မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို ထောက်ပံ့ကြေးပေးအပ်တဲ့အစီအစဉ်ကို NLD အစိုးရ လက်ထက်မှာစတင်ခဲ့တာဖြစ်ပါတယ်။

NLD အစိုးရ လက်ထက်မှာ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို တစ်လ ကျပ် ၁ သောင်းနှုန်းနဲ့ ၃ လတစ်ကြိမ်ထုတ်ပေးပြီး တစ်နှစ်ကို ၁၂၀,၀၀၀ ကျပ်ထောက်ပံ့ပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီထောက်ပံ့ကြေးကို အခု ဘဏ္ဍာနှစ်ကစတင်ပြီး စစ်ကောင်စီက ကျပ် ၆ သောင်းအထိ ထက်ဝက်လျော့ချလိုက်ပါတယ်။

ဒါအပြင် ထောက်ပံ့ကြေး ၆ သောင်းကို ၂ကြိမ် သာခွဲထုတ်ပေးမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကိုရင်တစ်ပါးနဲ့ ပြည်သူအချို့ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

သတင်း

စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေ လက်နက်ကိုင်အစုအဖွဲ့တွေဟာ သက်ကြီးရွယ်အို ၂၂၉ ယောက်လောက်ကို ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး ခေါင်းဖြတ်တာ၊ အရှင်လတ်လတ် မီးရှို့တာ၊ သေနတ်နဲ့ တေ့ပစ်တာမျိုး နည်းလမ်းတွေကို အသုံးပြုခဲ့ကြတယ်လို့ Human Rights Myanmarက ဖော်ပြ

သတင်း

ပြည်သူများခံစားနေရသည့် နာကျင်မှုများအပေါ် နားလည်ပြီး အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းရေး ကူညီပေးရန် နိုင်ငံတကာအား နှိုးဆော်