Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်း အလူးကလေးရွာတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိဟု KNLA တပ်မှူးပြော

ယနေ့ (ဇွန်လ ၃၀ ရက်)နံနက်ပိုင်း၌ပင် ဘီးလင်းသံတံတားဂိတ်ရှိ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က ဒရုန်းဖြင့်ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့်ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က အသိပေးထုတ်ပြန်ထားသည်။

(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ဇွန်လ၂၈ရက်ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဘီးလင်းမြို့နယ်ရှိ တံတားတစ်စီးကို ဇွန်လ၂၈ရက်ညပိုင်းက မိုင်းခွဲဖျက်ဆီးပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကလေးကျေးရွာ၌ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၁)မှ နယ်မြေခံတပ်မှူးက ပြောသည်။

ဘီးလင်းမြို့နယ် အလူးကလေးရွာ ခမန်ချောင် MK ဆီဆိုင်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဇွန်လ ၃၀ရက် နံနက် ၉နာရီ ၅၄ မိနစ်တွင် တစ်ကြိမ်၊ ၁၀နာရီ ၈ မိနစ်တွင် တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ကို ကျိုက်ထို(ပကဖ)၊ KNU၊KRF၊PDF၊ABSDF၊ ဘီးလင်း(ပကဖ)စသည့်ပူးပေါင်း စစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဘက်က ခုနစ်ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရခဲ့သည်ဟု KNLA တပ်မှူးက ပြောသည်။

ယနေ့ (ဇွန်လ ၃၀ ရက်)နံနက်ပိုင်း၌ပင် ဘီးလင်းသံတံတားဂိတ်ရှိ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်က ဒရုန်းဖြင့်ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့်ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီးတော်လှန်ရေး ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဆိုသည်။

KNLA ပူးပေါင်းတပ်ဖွဲ့သည် ဇွန်လ ၂၈ရက်ညပိုင်းကလည်း ဘီးလင်းရှိတံတားတစ်စင်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းကိုဖြတ်တောက်ရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသိပေးထားပြီး အဆိုပါ တံတားအားလာစစ်ဆေးသည့် စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီ လက်ပါးစေ ဝန်ထမ်းများကိုလည်း ဇွန်လ ၂၉ရက် နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် ၂ဦးသေဆုံးပြီးဒဏ်ရာရသူများရှိခဲ့သည်ဟု KNLA တပ်မှူးက ယမန်နေ့တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။