Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုတွင် ရိက္ခာဝယ်ပြန်လာသည့် ပျူစောထီးသုံးဦးအားတိုက်ခိုက်ရာ သုံးဦးလုံးသေ

ထော်လာဂျီဖြင့် ပြန်လာသည့် ၎င်းတို့ သုံးဦးအား တားဆီးခဲ့ရာ ပြန်လည်ခုခံထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ရာ သုံးဦးစလုံး ပွဲချင်းသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့က ပြောသည်။

(ပျူ သုံးဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF))
(ပျူ သုံးဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF))

ကျောက်မြောင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်က လူငယ်နှစ်ဦး သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများအတွက် ရိက္ခာဝယ်ပြန်လာသည့် ပျူစောထီး သုံးဦးအားတားဆီးရာ ထွက်ပြေး၍ ပစ်ခတ်ရာမှ သုံးဦးလုံး သေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF)အဖွဲ့က ပြောသည်။

ဇူလိုင် ၁ရက် ညနေ ၄နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ဂျိုးမြေဇင်းကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

(ပျူ သုံးဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF))
(ပျူ သုံးဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF))

မင်းသက်ခိုင်၊ အေးချမ်းအောင်နှင့် နီတွတ်တို့ ပျူစောထီးသုံးဦးသည် တည်သီးတောရွာနှင့် မင်းဘေးကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများအတွက် ရွှေဘိုမြို့ပေါ်မှ ရိက္ခာဝယ်ပြန်လာခြင်းဖြစ်ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့က ပြောသည်။

ထော်လာဂျီဖြင့် ပြန်လာသည့် ၎င်းတို့ သုံးဦးအား တားဆီးခဲ့ရာ ပြန်လည်ခုခံထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ရာ သုံးဦးစလုံး ပွဲချင်းသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ပျူ သုံးဦးလုံးက မင်းဘေးရွာကပါ။ ​ထော်လာဂျီနဲ့ပြန်လာတာ။ သူတို့ ပြန်ပြီးပစ်ချိန်မရဘူးဗျ။ ဆင်းပြေးတာ။ တရပ်စပ် ကျွန်တော်တို့ရဲဘော်တွေက လိုက်ပစ်တာ။ ပြန်လည်ခုခံဖို့ လက်နတ်ပါလာမှန်းသိလို့။ အချိန်က ၁၅မိနစ်ဝန်းကျင်ပဲကြာမယ်။”ဟု ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ပျူ သုံးဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း - ရွှေဘို (LPDF))
(ပျူ သုံးဦးထံမှ သိမ်းဆည်းရမိသော ပစ္စည်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF))

၎င်းတို့ထံမှာ သေနတ် ၂လက်၊ လက်ပစ်ဗုံး ၂လုံးနှင့် သယ်‌ဆောင်လာ‌သော အရက်ဖာ၊ ဘီယာဖာနှင့် ရိက္ခာများအား သိမ်းဆည်းရမိခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့က အသိပေးသည်။

အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့နှင့်အတူ၊ ကျားပျံလူငယ်အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး – SHWEBO LPDF၊Golden Eagle – ZBG (LPDF)၊ တောင်သူကြီးများအဖွဲ့- LDF၊ရွှေဘိုမြို့နယ်တိုက်နယ် – ၂ မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဇူလိုင် ၁ ရက်ကပင် ရွှေဘိုမြို့နယ်၊ရွှေဘို – ကျောက်မြောင်းလမ်းပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က လူငယ် နှစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ရက်ကလည်း ရွှေဘိုမြို့နယ်၊ တည်သီးတောရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။