Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီသံချပ်ကာကား နှစ်စီး​ချေမှုန်းနိုင်ခဲ့​သော ချင်းပူးပေါင်းတပ်ကို NUG က ကျပ်သိန်း ၄၀၀၀ ချီးမြှင့်ဂုဏ်ပြု

စစ်ကောင်စီ၏ သံချက်ကာကားနှစ်စီးကို ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်၏ သံချပ်ကာကား ၂ စီးကို ချင်းကာကွယ်​ရေးပူး​ပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ- CNF)
(စစ်​ကောင်စီတပ်၏ သံချပ်ကာကား ၂ စီးကို ချင်းကာကွယ်​ရေးပူး​ပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ- CNF)

ချင်း​တောင်တွင်စစ်ကောင်စီသံချပ်ကာကားနှစ်စီးကိုဖျက်ဆီးနိုင်ခဲ့သည့်ချင်းကာကွယ်ရေးတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရက ငွေကျပ်သိန်း ၄၀၀၀ ချီးမြင့်ဂုဏ်ပြုလိုက်သည်။

ယ‌နေ့(ဇူလိုင်လ၄ရက်)က ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၂ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ယင်းကဲ့သို့ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်၏ သံချပ်ကာကား ၂ စီးကို ချင်းကာကွယ်​ရေးပူး​ပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ- CNF)
(စစ်​ကောင်စီတပ်၏ သံချပ်ကာကား ၂ စီးကို ချင်းကာကွယ်​ရေးပူး​ပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးခဲ့စဥ်။ ဓါတ်ပုံ- CNF)

” ချင်းတော်လှန်ရေး အင်အားစုတွေက အကြမ်းဖက်စစ်အုပ်စုရဲ့ သံချပ်ကာ ယာဉ် ၂ စီးကို ချေမှုန်းဖျက်ဆီးနိုင်ခဲ့တာကို အထောက်အထားတွေနဲ့တကွ တင်ပြလာတဲ့အတွက် စိစစ်ချီးမြှင့်ရေးအဖွဲ့ကလေ့လာသုံးသပ် စိစစ်ကာ အတည်ပြုနိုင်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့အညီ သံချပ်ကာယာဉ် တစ်စီးကို ကျပ်သိန်း (၂၀၀၀) နဲ့ (၂) စီးအတွက် မြန်မာကျပ်ငွေ သိန်း(၄၀၀၀) ကို ချင်းပြည်နယ် CNF/CNA + CDFs ရဲ့ တာဝန်ရှိသူတွေကို ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီ၏ သံချက်ကာကားနှစ်စီးကို ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင်ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီသတင်းကို ကြားရချိန်တုန်းက ကျွန်တော်တို့ အားလုံး အံ့ဩ ဝမ်းသာဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်လည်း တကယ်ကို အားတက်ခဲ့ကြရပါတယ်”ဟု အမျိုးသားညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ အစည်းအဝေးမိန့်ခွန်းတင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလကလည်း ” နွေဦးတော်လှန်ရေးမှာ ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် တစ်ပါ တည်း လုပ်ဆောင်နိုင်တာကို တွေ့ရလို့ ကျွန်တော်တို့က ဝမ်းသာကြိုဆိုရပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့အတူ ချင်းအမျိုးသား လွတ်မြောက်ရေးတိုက်ပွဲကို အတူယှဉ်တွဲပြီး ဖော်ဆောင်နိုင်လို့ ချင်းလူထုအတွက် ကောင်းချီးဖြစ်စေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook