Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ၊ ဘုတလင်နှင့် မြင်းမူတို့တွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်စစ်ကြောင်းများအား တိုက်ခိုက်

ဇူလိုင် ၅ရက် မွန်းလွဲ ၂နာရီခန့်က ကန့်ဘလူခရိုင်ရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ်တော်လှန်ရေးအင်အားစုများက အသိပေးသည်။

(ကန့်ဘလူမြို့နယ် ၊ဇီးကုန်းတိုက်နယ် နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(ကန့်ဘလူမြို့နယ် ၊ဇီးကုန်းတိုက်နယ် နှင့် အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

စစ်ကိုင်းတိုင်းရှိ ကန့်ဘလူ၊ ဘုတလင်နှင့် မြင်းမူမြို့နယ်တို့တွင် ရဲစခန်းနှင့် စစ်ကောင်စီတပ် စစ်ကြောင်းများအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇူလိုင် ၅ရက် မွန်းလွဲ ၂နာရီခန့်က ကန့်ဘလူခရိုင်ရှိ ဇီးကုန်းရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ရာရဲတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ်တော်လှန်ရေးအင်အားစုများက အသိပေးသည်။

ဇီးကုန်းတိုက်နယ်သည် စစ်ကောင်စီတပ် စိုးမိုးရာနယ်မြေဖြစ်ပြီး စစ်ကောင်စီတပ် အထိုင်စခန်းချရာ ဇီးကုန်းသကြားစက်နှင့် တစ်မိုင်ခွဲခန့်အကွာတွင်ရှိကြောင်း၊ တော်လှန်ရေးအင်အားစုများ လှုပ်ရှားရန်ခက်ခဲသော နယ်မြေတစ်ခုဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)က ပြောသည်။

ယမန်နေ့ (ဇူလိုင် ၆ ရက်) ညနေ ၅ နာရီခန့်ကလည်း မြင်းမူမြို့နယ်၊ မကျီးကန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော တပ်မ (၃၃)မှ အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား (၈၁) မမ ဗုံးသီးအလုံး ၂၀ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်ရှိကြောင်း မြင်းမူ(ပကဖ) အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့က လက်နက်ကြီးနဲ့ သွားပစ်တာဆိုတော့ battle (တိုက်ပွဲ)အတွက် ကျည်အင်အား အပြည့်မပါဘူး။ သူတို့ဘက်က လက်နက်ကြီးထုတဲ့ ဘက်ကို စစ်ကြောင်းတက်လာလို့ ဆုတ်ခဲ့ရတယ်။”ဟု Myinmu PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းမူ(ပကဖ)၊ စစ်ကိုင်းခရိုင် အမှတ်(၆) တပ်ရင်း တပ်ခွဲ(၁)၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း၊ Black Eagle Defense Force-MMU၊ Civil Revolution Force MMU၊ People Guerilla Commando MMU အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထိုအပြင်ဇူလိုင် ၆ ရက်နံနက် ၅နာရီခန့်ကပင် ကူတော်စခန်းမှ ဘုတလင်မြို့ဘက်သို့ ထွက်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မြောက်တောကြီးရွာအနီးတွင် မိုင်း ငါးလုံးတန်း နှစ်နေရာဆင်၍ တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ခြေလျင်စစ်ကြောင်းပါ။ အခုတော့ ဘုတလင် မြို့ထဲရောက်သွားပြီ။”ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄၊ တပ်ရင်း – ၃ တပ်ခွဲ – ၄ ရွာဇော်ကြီး PDF၊ မုံရွာခရိုင်တပ်ရင်း (၁၃) တပ်ခွဲ(၂) GpGDS အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီတပ်သည် ဇွန်လနှင့်ဇူလိုင်လဆန်းပိုင်းအတွင်း စစ်ကိုင်းခရိုင်၊ ရွေဘိုခရိုင်နှင့် မုံရွာခရိုင်များရှိ ကျေးရွာများတွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးသတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ်ဖို့ ပြင်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့် သေဆုံးကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။