Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လိုင်ဇာဌာနချုပ်အနီး တပ်ရင်း ၈ရင်းဖြင့် စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ် တိုက်ပွဲများအတွင်း အထိနာဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

နန်ဆန်ယာန်ဒေသတိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်အင်အားများဖြည့်တင်းနေမှုကို KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပြီး အသေးစိတ် အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-MN)
(KIA တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-MN)

▪︎စစ်ကောင်စီတပ်ရင်းအချို့ပိတ်မိနေ၊ လေကြောင်းမှ ကျည်၊ရိက္ခာများဖြည့်တင်းဟုဆို

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး နန်ဆန်ယာန်ဒေသသို့စစ်ကောင်စီတပ်က စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာ၍ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၁၆ရက်တွင်နန်ဆန်ယာန်ရွာအနီးတိုက်ပွဲဖြစ်ပွားပြီးနောက်ဇူလိုင် ၃ရက်မှစ၍ ယင်းဒေသ၌ပင် စစ်အင်အားများဖြည့်တင်းထိုးစစ်ဆင်လာ၍ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း နေ့စဉ်လိုလို ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။

“လိုင်ဇာနားရှိနမ့်ဆန်ယာန်ဘက် စကစ ဘက်က တပ်ရင်း ၈ရင်းထိုးထားတယ်။ နေ့တိုင်းတိုက်ပွဲပြင်းထန်နေတယ်။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသသို့ စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်များမှာ ​ခြေလျင်တပ်ရင်း-ခလရ(၁၃)၊ (၁၇)၊ (၁၀၃)၊ (၂၃၆)၊ (၈၃) (၇၇) တပ်များနှင့်ခြေမြန်တပ်ရင်း-ခမရ(၃၁၈)၊ (၃၈၅) တပ်များဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ လ -၁၃/၂၃၆/၁၀၃ ထိခိုက်ကျဆုံးများနေတယ်။ ကြားမှာပိတ်မိနေတယ်။ လေယာဉ်ဗုံးကြဲတာ မရှိသေး။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၈ရက် ညပိုင်းတွင် လေကြောင်းမှ ရိက္ခာနှင့် ကျည်များ လာရောက်ချပေးသွားကြောင်း ၎င်းက ဆက်​ပြောသည်။

နန်ဆန်ယာန်ဒေသတိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်အင်အားများဖြည့်တင်းနေမှုကို KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပြီး အသေးစိတ် အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

စစ်​ကောင်စီတပ် စစ်​ကြောင်းများထိုးလာသဖြင့်​ဒေသခံများမှာ လိုင်ဇာနှင့် ဝိုင်း​မော်ဘက်သို့ထွက်​ပြေးတိမ်း​ရှောင်​နေကြရ​ကြောင်း​ဒေသခံများက​ပြောသည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်၌ တစ်​ကျော့ပြန်စစ်ပွဲများဖြစ်ပွားခဲ့ရာတန်ဆန်ယာန်ရွာ ​ဒေသခံပြည်သူများအားလုံးစစ်​ဘေး​ရှောင်ခဲ့ရသည်။ မိုင်းနှင့်နယ်​မြေရှင်းလင်းပြီး​နောက် ၂၀၁၈ တွင် စ၍မိသားစုအချို့ပြန်လည်​နေထိုင်ကြပြီး ယခု​နောက်ပိုင်းတွင်မိသားစုအများစုပြတ်လည်​နေထိုင်ကြရာမှ ယခုထပ်ဖြစ်၍ ထပ်မံထွက်​ပြေးတိမ်း​ရှောင်ကြရခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဆဒုံး-ကန်ပိုက်တီးဒေသ၊ တနိုင်းလီဒိုလမ်း ဝါဒရာဇွပ်ဒေသ၊ မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယာန်ဒေသ တို့တွင် KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်သည့် လိုင်ဇာဌာနချုပ်နှင့် နီးသော မိုင်ဆက်ပါဒေသသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ထိုအပြင်ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အသေးစိတ် အခြေအနေကို စုံစမ်းဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။