Connect with us

Hi, what are you looking for?

သတင်း

လိုင်ဇာဌာနချုပ်အနီး တပ်ရင်း ၈ရင်းဖြင့် စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ် တိုက်ပွဲများအတွင်း အထိနာဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

နန်ဆန်ယာန်ဒေသတိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်အင်အားများဖြည့်တင်းနေမှုကို KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပြီး အသေးစိတ် အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-MN)
(KIA တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်​နေစဥ်။ ဓါတ်ပုံ-MN)

▪︎စစ်ကောင်စီတပ်ရင်းအချို့ပိတ်မိနေ၊ လေကြောင်းမှ ကျည်၊ရိက္ခာများဖြည့်တင်းဟုဆို

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့အနီး နန်ဆန်ယာန်ဒေသသို့စစ်ကောင်စီတပ်က စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာ၍ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇွန်လ ၁၆ရက်တွင်နန်ဆန်ယာန်ရွာအနီးတိုက်ပွဲဖြစ်ပွားပြီးနောက်ဇူလိုင် ၃ရက်မှစ၍ ယင်းဒေသ၌ပင် စစ်အင်အားများဖြည့်တင်းထိုးစစ်ဆင်လာ၍ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း နေ့စဉ်လိုလို ပြုလုပ်လျက်ရှိသည်ဟုဆိုသည်။

“လိုင်ဇာနားရှိနမ့်ဆန်ယာန်ဘက် စကစ ဘက်က တပ်ရင်း ၈ရင်းထိုးထားတယ်။ နေ့တိုင်းတိုက်ပွဲပြင်းထန်နေတယ်။”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါဒေသသို့ စစ်ကြောင်းထိုးထားသည့် စစ်ကောင်စီတပ်များမှာ ​ခြေလျင်တပ်ရင်း-ခလရ(၁၃)၊ (၁၇)၊ (၁၀၃)၊ (၂၃၆)၊ (၈၃) (၇၇) တပ်များနှင့်ခြေမြန်တပ်ရင်း-ခမရ(၃၁၈)၊ (၃၈၅) တပ်များဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

“ လ -၁၃/၂၃၆/၁၀၃ ထိခိုက်ကျဆုံးများနေတယ်။ ကြားမှာပိတ်မိနေတယ်။ လေယာဉ်ဗုံးကြဲတာ မရှိသေး။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၈ရက် ညပိုင်းတွင် လေကြောင်းမှ ရိက္ခာနှင့် ကျည်များ လာရောက်ချပေးသွားကြောင်း ၎င်းက ဆက်​ပြောသည်။

နန်ဆန်ယာန်ဒေသတိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်အင်အားများဖြည့်တင်းနေမှုကို KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားထားပြီး အသေးစိတ် အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

စစ်​ကောင်စီတပ် စစ်​ကြောင်းများထိုးလာသဖြင့်​ဒေသခံများမှာ လိုင်ဇာနှင့် ဝိုင်း​မော်ဘက်သို့ထွက်​ပြေးတိမ်း​ရှောင်​နေကြရ​ကြောင်း​ဒေသခံများက​ပြောသည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်၌ တစ်​ကျော့ပြန်စစ်ပွဲများဖြစ်ပွားခဲ့ရာတန်ဆန်ယာန်ရွာ ​ဒေသခံပြည်သူများအားလုံးစစ်​ဘေး​ရှောင်ခဲ့ရသည်။ မိုင်းနှင့်နယ်​မြေရှင်းလင်းပြီး​နောက် ၂၀၁၈ တွင် စ၍မိသားစုအချို့ပြန်လည်​နေထိုင်ကြပြီး ယခု​နောက်ပိုင်းတွင်မိသားစုအများစုပြတ်လည်​နေထိုင်ကြရာမှ ယခုထပ်ဖြစ်၍ ထပ်မံထွက်​ပြေးတိမ်း​ရှောင်ကြရခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဆဒုံး-ကန်ပိုက်တီးဒေသ၊ တနိုင်းလီဒိုလမ်း ဝါဒရာဇွပ်ဒေသ၊ မြစ်ကြီးနား – ဗန်းမော်လမ်း ဒေါ့ဖုန်းယာန်ဒေသ တို့တွင် KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်သည့် လိုင်ဇာဌာနချုပ်နှင့် နီးသော မိုင်ဆက်ပါဒေသသို့ လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ထိုအပြင်ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အသေးစိတ် အခြေအနေကို စုံစမ်းဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။