Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်သင်္ဘော ၂စီး​က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့ပျက်စီး

ရေစကြိုမြို့ပေါ်တွင်လည်း စစ်အုပ်စုသည် ဇူလိုင်လ၁၁ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးအား လိုက်လံပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

(စစ်အုပ်စုပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်နှင့် အမိုးပေါက်သွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo)
(စစ်အုပ်စုပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်နှင့် အမိုးပေါက်သွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင်ဧရာဝတီမြစ်အတွင်း ဖြတ်သန်းလာသော စစ်သင်္ဘော၂စီးနှင့် ရွာအထိုင်ချစစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၂ ရက်နေ့မွန်းလွဲပိုင်းက ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံမှ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာသော စစ်သင်္ဘော ၂စီးသည် မြစ်ကမ်း‌‌ဘေးရှိ‌ကျေးရွာများကို လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ အဆောက်အဦးအချို့ ထိမှန်ပျက်စီးခဲ့ကြောင်း ​ဒေသခံများကပြောသည်။

(စစ်အုပ်စုပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်နှင့် အမိုးပေါက်သွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo)
(စစ်အုပ်စုပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်နှင့် အမိုးပေါက်သွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo)

စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း မြစ်ကမ်းဘေးကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“ပထမ ၅ စီးတက်တာ။ ၂စီးက ဧရာဝတီဘက်ဆန်တတ်ပြီး ၃ စီးက ချင်းတွင်းဘက် ဆန်တက်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်အုပ်စုပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်နှင့် အမိုးပေါက်သွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo)
(စစ်အုပ်စုပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်နှင့် အမိုးပေါက်သွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-Info Committee Yesagyo)

ထို့အပြင်ဇူလိုင်လ ၁၂ ရက်နေ့ညပိုင်းကလည်း တောင်အို၊ တာတိုင်ရွာဘက်မှ စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သမန္တပို့ရွာ နေအိမ်တစ်လုံးကို ထိမှန်ပြီး ပြည်သူနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ လက်နက်ကြီးများကြောင့် ကျေးရွာနေပြည်သူများလည်း ရွာကိုစွန့်ခွာ ထွက်ပြေးနေရကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ရေစကြိုမြို့ပေါ်တွင်လည်း စစ်အုပ်စုသည် ဇူလိုင်လ၁၁ရက်နေ့က ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးအား လိုက်လံပစ်ခတ်ခဲ့၍ တစ်ဦးသေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။