Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် စစ်တပ်ဂိတ်အနီးရှိ အိမ်တစ်လုံးအနုကြမ်းစီးခံရပြီး ကျပ်သိန်းငါးရာကျော်နှင့် ရွှေထည်များပါသွား

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မုံရွာမြို့၊ မုံရွာပညာရေးကောလိပ် သာစည်လမ်းအရှေ့ဘက် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့်ကိုက် ၂၀၀ခန့် အကွာ အမှတ်၇လမ်း​ပေါ်ရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရခြင်းဖြစ်သည်။

(မုံရွာမြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ်။ ဓာတ်ပုံ- Monywa Skylines)
(မုံရွာမြို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ်။ ဓာတ်ပုံ- Monywa Skylines)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီဂိတ်အနီးရှိ နေအိမ်တစ်လုံး ယ​မန်​နေ့က အနုကြမ်းစီးခံရပြီး ငွေကျပ်သိန်းငါးရာကျော်နှင့် ရွှေထည်များယူဆောင်သွားကြောင်း မြို့ခံများကပြောသည်။

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မုံရွာမြို့၊ မုံရွာပညာရေးကောလိပ် သာစည်လမ်းအရှေ့ဘက် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့်ကိုက် ၂၀၀ခန့် အကွာ အမှတ်၇လမ်း​ပေါ်ရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရခြင်းဖြစ်သည်။

ထိုနေအိမ်သို့ သေနတ်နှစ်လတ်၊ ဓားနှစ်ချောင်းကိုင်ဆောင်ထားသော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး အနုကြမ်းစီးသွားခြင်းဖြစ်ကြောင်း မြို့ခံများက People’s Spring သို့ပြောကြားသည်။

အနုကြမ်းစီးခံရသည့် နေအိမ်မှာ ခင်မွန်ရွာမီးရှို့ခံရ၍ မုံရွာမြို့ပေါ်တက်နေသည့် ကားဂိတ်လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်ဖြစ်ပြီး ငွေကျပ်သိန်း၅၀၀ကျော်၊ ဆိုင်ကယ်နှစ်စီးနှင့် ရွှေများယူဆောင်သွားကြောင်း ​မုံရွာမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ဂိတ်နှင့် မနီးအဝေးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်​၍ စစ်အုပ်စု၏ အပေါင်းအပါများက ပြုလုပ်သွားခြင်းဖြစ်ကြောင်း မြို့ခံအချို့က မှတ်ချက်ပြုသည်။

“ဂိတ်နဲ့ဘာမှမဝေးဘူး။ သူတို့လုပ်ချင်ရာလုပ်နေတာ။လူတွေတော့ဘာမှလုပ်မသွားဘူး။အဲဒီအိမ်မှာအန်တီကြီးတစ်ယောက်ပဲရှိတာ။ ဖြစ်ချင်တော့အဲဒီနေ့ကမှ အိမ်ပြန်တာလို့ကြားတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ဆိုသည်။

မုံရွာမြို့ပေါ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ရွှေဆိုင်ကြီး၂ ဆိုင်အပါအဝင် စတိုးဆိုင်များ၊ မြို့ခံလုပ်ငန်းရှင်များမကြာခဏဓားပြတိုက်ခံနေရသည်။စစ်ကောင်စီတပ်ဂိတ်နှင့်နီး​သော ၊စစ်​ကောင်စီ အရာရှိလမ်း​ကြောင်းရှိပြီး လုံခြုံ​ရေးမြှင့်ထား​သော ​နေရာများအနီးတို့တွင် ဓါးပြတိုက်မှုများမကြာခဏဖြစ်ပွားသလို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မုံရွာမြို့တွင် အနုကြမ်းစီးသူများအား ဖမ်းဆီးနိုင်ခြင်းမရှိသော်လည်း ပြည်သူများကိုမူ စစ်ဆေးရှာဖွေခြင်း၊ ပစ်ခတ်ဖမ်းဆီးခြင်းများ နေ့စဥ်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။