Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လာသည့်စစ်ကောင်စီတပ်ယာဥ်တန်းကို PDF ပူးပေါင်းအဖွဲ့ကြားဖြတ်တိုက်ခိုက်

PDF ပူးပေါင်းတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တပ်ယာဥ်တန်းမှ ကားတစ်စီးလမ်းဘေးထိုးကျပျက်စီးသွားပြီး သုံးဦးသေဆုံးကာ လေးဦးအပြင်း အထန်ဒဏ်ရာရသွားကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(ရေဖြူမြို့နယ် ထားဝယ်-ရန်ကုန်(အမှတ်၈လမ်းမကြီး)လမ်းပိုင်းတွင် PDF ပူးပေါင်းတပ်များ လမ်းပိုင်းစစ်ဆေးမှုလုပ်ဆောင်နေစဥ်။ဓါတ်ပုံ- ရေဖြူဝေဟင်-ပကဖ)
(ရေဖြူမြို့နယ် ထားဝယ်-ရန်ကုန်(အမှတ်၈လမ်းမကြီး)လမ်းပိုင်းတွင် PDF ပူးပေါင်းတပ်များ လမ်းပိုင်းစစ်ဆေးမှုလုပ်ဆောင်နေစဥ်။ဓါတ်ပုံ- ရေဖြူဝေဟင်-ပကဖ)

▪︎ကားတစ်စီးလမ်းဘေးထိုးကျပြီးသုံးဦးသေ

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင်၁၁ရက်နေ့နံနက်၈နာရီကျော်ကရေဖြူနယ်၊နဘုလယ်ဒေသရေနက်ဆိပ်ကမ်းဘက်သို့ရှမ်းကိုင်းလမ်းမှတဆင့်အစီးရေခုနစ်စီးဖြင့်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ထားဝယ်ခရိုင် တပ်ရင်း (၁)၊ ရေဖြူ ဝေဟင်-ပကဖ၊ KBDF၊ DDT တပ်ခွဲ(၃)နှင့် နွေဦးပြောက်ကြားတပ်ဖွဲ့စသည့် PDF ပူးပေါင်းတပ်များက လမ်းမှနေ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ယာဉ်က ခုနစ်စီးပါ။ ရိက္ခာတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ သယ်ယူလာတဲ့ပုံစံပါပဲ။ အင်အားများတယ်။ ရေနက်ဆိပ်ကမ်းဖက်ခြမ်းကို အင်အားအ များကြီးသုံးလာတဲ့ သဘောပါ”ဟု တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် စစ်တပ်ယာဥ်တန်း၏အခြေအနေကို တပ်ရင်း(၁)မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

PDF ပူးပေါင်းတပ်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်တပ်ယာဥ်တန်းမှ ကားတစ်စီးလမ်းဘေးထိုးကျပျက်စီးသွားပြီး သုံးဦးသေဆုံးကာ လေးဦးအပြင်း အထန်ဒဏ်ရာရသွားကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် မေ ၁၄ ရက်ကလည်း ရေနက်ဆိပ်ကမ်းတည်ရှိရာ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ စနိုက်ဘာအပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် စစ်တပ်ဘက်မှ အထိနာပြီး လေကြောင်းပစ်ကူပါ ပေးခဲ့ရသည်။

ထို့ကြောင့် ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်က ရေနက်ဆိပ်ကမ်းရှိရာ နဘုလယ်ဒေသအား ခြေကုပ်ယူရန် အင်အားတိုးချဲ့ခြင်း၊ လက်နက်ခဲယမ်းဖြည့်တင်းခြင်းအပြင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသ ခံပြည်သူများကို ဖမ်းဆီးနှိပ်စက်ကာ နေအိမ်များအား ဖျက်ဆီးမှုများလည်း ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။