Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်ယာဥ်တန်းအား တစ်နာရီကြာပစ်ခတ်တိုက်ခိုက်

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို Spring Dhamma PDF(KLA)နှင့်အတူ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SBL)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ရေဖြူမြို့နယ်တွင် မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်ယာဥ်တန်းအား တစ်နာရီကြာပစ်ခတ်တိုက်ခိုက်
ရေဖြူမြို့နယ်တွင် မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်ယာဥ်တန်းအား တစ်နာရီကြာပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ (၆)နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်းကို မဟာမိတ်ညီနောင်များနှင့်ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Spring Dhamma PDF (KLA)က People’s Spring သို့ ပြောသည်။

ယမန်နေ့(မတ်လ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ရေဖြူမြို့ဘက်မှ ကလိန်အောင်မြို့ဘက်သို့ ယာဥ်အစီးရေ ငါးစီးဖြင့်မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းအား ရေး – ထားဝယ်လမ်းပိုင်း မိုင်တိုင် (၄၁) ကျောက်ရှပ်ကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲချိန် တစ်နာရီကျော်လောက်ရှိပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုများပေမယ့် အတိအကျ မသိရသေးပါဘူး”ဟု Spring Dhamma PDF(KLA)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ရမ်းသမ်းပြန်လည်ပစ်ခတ်ခဲ့ရာ အသက်(၆)နှစ်အရွယ်ဒေသခံကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို Spring Dhamma PDF(KLA)နှင့်အတူ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SBL)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။