Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမြို့နယ်တွင် မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်ယာဥ်တန်းအား တစ်နာရီကြာပစ်ခတ်တိုက်ခိုက်

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို Spring Dhamma PDF(KLA)နှင့်အတူ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SBL)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ရေဖြူမြို့နယ်တွင် မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်ယာဥ်တန်းအား တစ်နာရီကြာပစ်ခတ်တိုက်ခိုက်
ရေဖြူမြို့နယ်တွင် မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်ယာဥ်တန်းအား တစ်နာရီကြာပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်၍ (၆)နှစ်အရွယ်ကလေးတစ်ဦး ထိခိုက်

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်ယာဥ်တန်းကို မဟာမိတ်ညီနောင်များနှင့်ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း Spring Dhamma PDF (KLA)က People’s Spring သို့ ပြောသည်။

ယမန်နေ့(မတ်လ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ရေဖြူမြို့ဘက်မှ ကလိန်အောင်မြို့ဘက်သို့ ယာဥ်အစီးရေ ငါးစီးဖြင့်မောင်းနှင်လာသော စစ်ကောင်စီတပ်ယာဥ်တန်းအား ရေး – ထားဝယ်လမ်းပိုင်း မိုင်တိုင် (၄၁) ကျောက်ရှပ်ကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အပြန်အလှန်ပစ်ခတ်တဲ့ တိုက်ပွဲချိန် တစ်နာရီကျော်လောက်ရှိပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုများပေမယ့် အတိအကျ မသိရသေးပါဘူး”ဟု Spring Dhamma PDF(KLA)မှ တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ရမ်းသမ်းပြန်လည်ပစ်ခတ်ခဲ့ရာ အသက်(၆)နှစ်အရွယ်ဒေသခံကလေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကို Spring Dhamma PDF(KLA)နှင့်အတူ ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SBL)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်များအထိအခိုက်မရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။