Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတွင်အချိန်မ​ရွေးတိုက်ပွဲဖြစ်နိုင်​ကြောင်းKNDF အသိ​ပေး

နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့်ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအခြေအနေအရ လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင်လည်း စစ် ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု သိရသည်။

(နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ မှ ရဲဘော်များ ။ဓါတ်ပုံ-KNDF)
(နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ မှ ရဲဘော်များ ။ဓါတ်ပုံ-KNDF)

လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော် – ဆီဆိုင် လမ်းမကြီး၌ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ ကယနေ့ထုတ်ပြန်သည်။

နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့်ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအခြေအနေအရ လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင်လည်း စစ် ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု သိရသည်။

ထို့ကြောင့် စစ်ရေးအခြေနေများ တင်းမာနေသည့်အတွက် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်းဇူလိုင် ၁၈.ရက်တွင်အသိပေးသည်။

“ဒီနေ့ (ဇူလိုင် ၁၈ ) ညနေပိုင်းလောက်ကပဲ လွိုင်ကော်-မိုးဗြဲ လမ်း ကို စကစ ဘက်က လက်နက်ကြီးနဲ့ လေးကြိမ်လောက် ပစ်တယ်။မနေ့က ညပိုင်းဆိုလည်း လွိုင်ကော်ရဲ့ ဒေါ်ဆော်ဘီရွာ နားကို လေယာဥ်နဲ့ ဗုံးကျဲတယ်။ရှမ်းဘက်က ထောက်ပို့ ဆင်းချင်လို့ လမ်း ကြောင်းရှင်းတာလား ဒါမှမဟုတ် လွိုင်ကော်ကို ကာဖို့အတွက် နီးစပ်ရာ လျှောက်ပစ်နေတာလားဆိုတာ တော့သေချာမသိနိုင်သေးဘူး”ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိစစ်ရေးအခြေအနေကြောင့် လွိုင်ကော်- မိုးဗြဲ နှင့် လွိုင်ကော်- ဆီဆိုင်လမ်းမကြီးကို ပြည်သူများ အနေဖြင့် ဇူလိုင် ၁၈ ရက် မှစတင်ကာ ဇူလိုင် ၂၈ ရက်နေ့အထိ ကားကြီး (ဆယ်ဘီးကား ၊ ကုန်ကား ၊ တွဲကား ၊ဒန်ဘာ ၊ မိုးကာအုတ်) များ လုံးဝ သွားလာခြင်းမပြုလုပ်ကြရန် နှင့် ကားငယ်များဖြင့် မဖြစ်မနေသွားလာရန် လိုအပ်ပါက ကားမှန်များ ချထားပြီး သွားပေးကြရန် KNDF က သတိပေးသည်။

နယ်မြေလုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ မိဘပြည်သူများ အနေဖြင့် မဖြစ်မနေ လိုက်နာပေးကြပါရန်မေတ္တာရပ်ခံလိုပြီး သွားလာနိုင်မည့် အချိန်နှင့် နေ့ရက်အား ပြန်လည်အသိပေးသွားမည်ဖြစ်ဟု ​​မေတ္တာရပ်ခံထားသည်။ ထုတ်ပြန်ချက် အတိုင်းလိုက်နာမှုမရှိပါကလည်း ဖြစ်ပေါ်လာမည့် မည်သည့်ပြသနာအကြောင်းအရာများ တာဝန်ယူပေးမည်မဟုတ်ကြောင်းလည်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။