Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးတွင်အချိန်မ​ရွေးတိုက်ပွဲဖြစ်နိုင်​ကြောင်းKNDF အသိ​ပေး

နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့်ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအခြေအနေအရ လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင်လည်း စစ် ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု သိရသည်။

(နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ မှ ရဲဘော်များ ။ဓါတ်ပုံ-KNDF)
(နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ မှ ရဲဘော်များ ။ဓါတ်ပုံ-KNDF)

လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော် – ဆီဆိုင် လမ်းမကြီး၌ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ ကယနေ့ထုတ်ပြန်သည်။

နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့်ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအခြေအနေအရ လွိုင်ကော်-မိုးဗြဲ နှင့် လွိုင်ကော်ဆီဆိုင်လမ်းပိုင်းတွင်လည်း စစ် ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု သိရသည်။

ထို့ကြောင့် စစ်ရေးအခြေနေများ တင်းမာနေသည့်အတွက် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်းဇူလိုင် ၁၈.ရက်တွင်အသိပေးသည်။

“ ဒီနေ့ (ဇူလိုင် ၁၈ ) ညနေပိုင်းလောက်ကပဲ လွိုင်ကော်-မိုးဗြဲ လမ်း ကို စကစ ဘက်က လက်နက်ကြီးနဲ့ လေးကြိမ်လောက် ပစ်တယ်။မနေ့က ညပိုင်းဆိုလည်း လွိုင်ကော်ရဲ့ ဒေါ်ဆော်ဘီရွာ နားကို လေယာဥ်နဲ့ ဗုံးကျဲတယ်။ရှမ်းဘက်က ထောက်ပို့ ဆင်းချင်လို့ လမ်း ကြောင်းရှင်းတာလား ဒါမှမဟုတ် လွိုင်ကော်ကို ကာဖို့အတွက် နီးစပ်ရာ လျှောက်ပစ်နေတာလားဆိုတာ တော့သေချာမသိနိုင်သေးဘူး” ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိစစ်ရေးအခြေအနေကြောင့် လွိုင်ကော်- မိုးဗြဲ နှင့် လွိုင်ကော်- ဆီဆိုင်လမ်းမကြီးကို ပြည်သူများ အနေဖြင့် ဇူလိုင် ၁၈ ရက် မှစတင်ကာ ဇူလိုင် ၂၈ ရက်နေ့အထိ ကားကြီး (ဆယ်ဘီးကား ၊ ကုန်ကား ၊ တွဲကား ၊ဒန်ဘာ ၊ မိုးကာအုတ်) များ လုံးဝ သွားလာခြင်းမပြုလုပ်ကြရန် နှင့် ကားငယ်များဖြင့် မဖြစ်မနေသွားလာရန် လိုအပ်ပါက ကားမှန်များ ချထားပြီး သွားပေးကြရန် KNDF က သတိပေးသည်။

နယ်မြေလုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ မိဘပြည်သူများ အနေဖြင့် မဖြစ်မနေ လိုက်နာပေးကြပါရန်မေတ္တာရပ်ခံလိုပြီး သွားလာနိုင်မည့် အချိန်နှင့် နေ့ရက်အား ပြန်လည်အသိပေးသွားမည်ဖြစ်ဟု ​​မေတ္တာရပ်ခံထားသည်။ ထုတ်ပြန်ချက် အတိုင်းလိုက်နာမှုမရှိပါကလည်း ဖြစ်ပေါ်လာမည့် မည်သည့်ပြသနာအကြောင်းအရာများ တာဝန်ယူပေးမည်မဟုတ်ကြောင်းလည်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆို - ထားလဲ -နန်းဖဲ - ဘောလခဲလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားငါးဦးထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိတယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။