Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်နယ် ကျောက်မှော်ရွာကို စစ်ကောင်စီဒုတိယအကြိမ်စီးနင်းပြီး ဒေသခံများ ဖမ်းဆီးထား

ကျောက်မှော်ကျေးရွာကို ယနေ့ နံနက် ၇နာရီခန့် တွင် စစ်ကောင်စီတပ်စစ်ကြောင်းက နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာခြင်းဟု သိရသည်။

(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Tigying Revolution)
(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Tigying Revolution)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့သည့် ကျောက်မှော်ကျေးရွာကို ယနေ့(ဇူလိုင် ၁၉ရက်)တွင် နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးထားသည်ဟု မြို့ခံများက ပြောသည်။

ကျောက်မှော်ကျေးရွာကို ယနေ့ နံနက် ၇နာရီခန့် တွင် စစ်ကောင်စီတပ်စစ်ကြောင်းက နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာခြင်းဟု သိရသည်။

” မင်းတို့ ရွာကို PDF တွေ အဝင်အထွက်ရှိတယ် ဆိုပြီး ဝင်လာတာ။ ရွာမှာပြန်နေတဲ့ ဒေသခံတွေကို ဖမ်းချုပ်တယ်။ မိန်းကလေးတွေကို ပြန်လွှတ် ပေးထားပြီး။ယောင်္က်ျားလေးတွေကို ဖမ်းထားတယ်”ဟု အခြားကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသည့် ကျောက်မှော်ရွာ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လဆန်းက ကျောက်မှော်ရွာကို စီးနင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ အိမ်ခြေ ၅၀၀ခန့်ရှိသည့်အနက် ၂၃၀ မီးလောင်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေသခံအများအပြားမှာ ယင်းအချိန်ကတည်းက စစ်ဘေးရှောင်နေကြရသည်။

“လူသားတံတိုင်းလုပ်မယ်ထင်တယ်။ ရှစ်ယောက်ကို ဖမ်းထားပြီး ဘုန်းကြီးကျောင်းထဲမှာ ချုပ်ထားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်မှ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကျေးရွာများဖြစ်သော လှည်းကူး၊ ကြို့ကုန်း၊ ကျွဲတဲကုန်း၊ တုံးပုံရွာသစ် ကျေးရွာတို့တွင်လည်း စစ်ကြောင်းထိုးနေပြီး ဇူလိုင် ၁၄ရက်တွင် ကျွဲတဲကုန်းရွာအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဇူလိုင်ဒုတိယလပတ်အတွင်းက စစ်ကောင်စီတပ်မှ စစ်သားခြောက်ဦးသည် ထီးချိုင့်မြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်များနှင့်အတူ ထွက်ပြေးလာပြီး ပြည်သူနှင့်ပူးပေါင်းလာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။