Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်နယ် ကျောက်မှော်ရွာကို စစ်ကောင်စီဒုတိယအကြိမ်စီးနင်းပြီး ဒေသခံများ ဖမ်းဆီးထား

ကျောက်မှော်ကျေးရွာကို ယနေ့ နံနက် ၇နာရီခန့် တွင် စစ်ကောင်စီတပ်စစ်ကြောင်းက နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာခြင်းဟု သိရသည်။

(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Tigying Revolution)
(မီးရှို့ခံခဲ့ရသည့် ကျောက်မှော်ရွာမှ နေအိမ်များကို ၂၀၂၃မတ်လ ၉ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - Tigying Revolution)

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က နေအိမ် ၂၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့သည့် ကျောက်မှော်ကျေးရွာကို ယနေ့(ဇူလိုင် ၁၉ရက်)တွင် နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးထားသည်ဟု မြို့ခံများက ပြောသည်။

ကျောက်မှော်ကျေးရွာကို ယနေ့ နံနက် ၇နာရီခန့် တွင် စစ်ကောင်စီတပ်စစ်ကြောင်းက နောက်တစ်ကြိမ်စီးနင်းဝင်ရောက်လာခြင်းဟု သိရသည်။

” မင်းတို့ ရွာကို PDF တွေ အဝင်အထွက်ရှိတယ် ဆိုပြီး ဝင်လာတာ။ ရွာမှာပြန်နေတဲ့ ဒေသခံတွေကို ဖမ်းချုပ်တယ်။ မိန်းကလေးတွေကို ပြန်လွှတ် ပေးထားပြီး။ယောင်္က်ျားလေးတွေကို ဖမ်းထားတယ်”ဟု အခြားကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသည့် ကျောက်မှော်ရွာ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လဆန်းက ကျောက်မှော်ရွာကို စီးနင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။ အိမ်ခြေ ၅၀၀ခန့်ရှိသည့်အနက် ၂၃၀ မီးလောင်သွားခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေသခံအများအပြားမှာ ယင်းအချိန်ကတည်းက စစ်ဘေးရှောင်နေကြရသည်။

“လူသားတံတိုင်းလုပ်မယ်ထင်တယ်။ ရှစ်ယောက်ကို ဖမ်းထားပြီး ဘုန်းကြီးကျောင်းထဲမှာ ချုပ်ထားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်မှ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကျေးရွာများဖြစ်သော လှည်းကူး၊ ကြို့ကုန်း၊ ကျွဲတဲကုန်း၊ တုံးပုံရွာသစ် ကျေးရွာတို့တွင်လည်း စစ်ကြောင်းထိုးနေပြီး ဇူလိုင် ၁၄ရက်တွင် ကျွဲတဲကုန်းရွာအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဇူလိုင်ဒုတိယလပတ်အတွင်းက စစ်ကောင်စီတပ်မှ စစ်သားခြောက်ဦးသည် ထီးချိုင့်မြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်များနှင့်အတူ ထွက်ပြေးလာပြီး ပြည်သူနှင့်ပူးပေါင်းလာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။