Connect with us

Hi, what are you looking for?

သတင်း

မြောင်တွင် စစ်ကောင်စီတပ်အား ဒရုန်းငါးစင်းဖြင့် ဗုံးချတိုက်ခိုက်

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ဒရုန်း ငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပထမဒရုန်းနှစ်စင်းမှာ စစ်ဆင်ရေးအစီအမံ အားနည်းချက်ကြောင့် ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMမှ ကိုနွေဦး-မြောင်က ပြောသည်။

(ဒရုန်းစစ်ဆင်ရေးတွင် တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ-CDSOM)
(ဒရုန်းစစ်ဆင်ရေးတွင် တွေ့ရသော တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ-CDSOM)

▪︎ဒရုန်း သုံးစင်းပျက်စီးကာ ရဲဘော်သုံးဦးလည်း ဒဏ်ရရှိ

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကို ဒရုန်းငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုရှိခဲ့ပြီး ဒရုန်းသုံးစင်းပျက်စီးကာ ရဲဘော်သုံးဦးလည်း ဒဏ်ရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာကို ဒရုန်း ငါးစင်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ပထမဒရုန်းနှစ်စင်းမှာ စစ်ဆင်ရေးအစီအမံ အားနည်းချက်ကြောင့် ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOMမှ ကိုနွေဦး-မြောင်က ပြောသည်။

လက်ကျန် ဒရုန်း သုံးစီးဖြင့် ဆက်လက်ဗုံးချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ထိခိုက်မှုရှိကြောင်း ၎င်းက ပြောသည်။

Public Service Announcement
Public Service Announcement

“ပစ်မှတ်တိုင်းတိကျစွာ လုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်ခဲ့ပါတယ်။ ​အသေဒဏ်ရာရ စာရင်းအတိအကျမသိရသေးပေမယ့် ရဲစခန်းထဲက ကားတွေတော့ ပျက်စီးမှုရှိပါတယ်။”ဟု ကိုနွေဦး-မြောင်က ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် နောက်ဆုံး ဒရုန်းတစ်စင်းလွှတ်ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ရဲဘော် သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲဘော်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း CDSOM အဖွဲ့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM၊မြောင်မြို့နယ် ပလဖ အကြမ်းဖက်နှိမ်နှင်းရေး၊ မြောင်မြို့မတိုက်နယ် စစ်ကိုင်းခရိုင်တပ်ရင်း (၂)တပ်ခွဲ – ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း (၆)တပ်ခွဲ – ၃၊ CRF မြင်းမူ၊ Liberation Army of Central Army၊ ဖီးနစ်အဖွဲ့ (ရေစကြို)၊Blood Brothers အဖွဲ့နှင့် Bomb God အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Facebook