Connect with us

Hi, what are you looking for?

သတင်း

လဂျားယာန်တွင် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ဟု KIA ပြော

KIO/KIA ဌာနချုပ်နှင့်နီးသည့် နမ်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လဆန်းတွင်စစ်အင်အားများဖြည့်တင်း ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

(ရှေ့တန်း စစ်ဆင်ရေး တစ်နေရာမှ KIA တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ရှေ့တန်း စစ်ဆင်ရေး တစ်နေရာမှ KIA တပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်နယ်မြေအနီး လဂျားယာန်ဒေသ၌ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်းမော်ဘက်မှ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယာန်ဒေသသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ဇူလိုင် ၂၀ရက် ညနေပိုင်းတွင် KIAက တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး မေးမြန်းချက်ကို ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုခဲ့ခြင်းဖြစ်သည်။

“မနေ့က ညနေ ၅နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီဘက်က စစ်ကြောင်းတစ်ကြောင်းက ဗန်းမော်ဘက်က တက်လာတာကို ကျနော်တို့ဘက်က လဂျားယာန်တံတားမှာ လက်နက်ကြီးနဲ့ ကြားဖြတ်ပြီးမှ ပစ်ခတ်တာပဲရှိပါတယ်။ ရင်ဆိုင်တိုက်ပွဲတော့ မဟုတ်ဘူး။ အဲဒီစစ်ကြောင်းတွေကလည်း ညမိုးချုပ်တဲ့ နောက်ပိုင်းမှာ သူတို့ တဖြည်းဖြည်းနဲ့ ခယာဘက်ကို ပြန်ဝင်သွားတဲ့ သတင်းတွေ ကျနော်တို့ ကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement
Public Service Announcement

ထိုသို့လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ KIA ဘက်ကမူ တိုက်ပွဲ၌ ထိခိုက်ကျဆုံး အခြေအနေကို လတ်တလော အသိပေးပြောကြားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

KIO/KIA ဌာနချုပ်နှင့်နီးသည့် နမ်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လဆန်းတွင်စစ်အင်အားများဖြည့်တင်း ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။