Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ် တည်သီးတောပျူစခန်းအား မဟာမိတ်များက တိုက်ခိုက်

တည်သီးတောရွာသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအားကောင်းသော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါ ကျေးရွာသည် ခင်ဦးမြို့နှင့် ပိုမိုနီးကပ်လျက်ရှိသည်။

(သိမ်းဆည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘို ပကဖ)
(သိမ်းဆည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘို ပကဖ)

▪️သေနတ်သုံးလက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေး​ရွာပျူစောထီးစခန်းအား မဟာမိတ်များပူးပေါင်းတိုက်ခိုက်ရာ ၉ဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်၂၃ ရက်) နံနက် ၃ နာရီခန့်က တည်သီးတောကျေးရွာအနီးရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ သေနတ် သုံးလက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် (ပကဖ) အဖွဲ့က အသိပေးသည်။

တိုက်ခိုက်ချိန် မိနစ် ၂၀ခန့်ကြာခဲ့ပြီးစစ်ကောင်စီဘက်က ၉ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ကာ အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မဟာမိတ်အဖွဲ့များက ဆိုသည်။

Public Service Announcement
Public Service Announcement

“အဓိက ဝင်ချတာက ညောင်ပင်လှမဟုတ်ဘူး။ တည်သီးတောကို ဝင်ချတာ။ အကျအဆုံးက မသိသေးဘူး။ ဝင်တိုက်ပြီး ပြန်ထွက်လာတာ” ဟု ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲအတွင်း စစ်အုပ်စုထံမှ ကာဘိုင် (၂) လက်၊ ကိုးလုံး(၁)လက်၊ ကိုးလုံးကျည် (၂၅)တောင့်၊ ကာဘိုင်ကျည် (၂၀၉) တောင့်၊ ကျည်ဘောက် (၁)ခုနှင့် ချပ်ဝတ်တန်ဆာ (၇)ခုနှင့် Huawei ဖုန်း(၁)လုံးတို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘို(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

စစ်ဆင်ရေးကို ရွှေဘိုမြို့နယ်ပကဖ(PDO)(Shwebo Justice Force အဖွဲ့၊ ရွှေတောသားအဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ်(၃)ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ်ပကဖ Group 3(ဂဠုန်မင်းအဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌ဘော်များ အထိအခိုက်မရှိကြောင်း အသိပေးထားသည်။

တည်သီးတောရွာသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအားကောင်းသော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါ ကျေးရွာသည် ခင်ဦးမြို့နှင့် ပိုမိုနီးကပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။