Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ် တည်သီးတောပျူစခန်းအား မဟာမိတ်များက တိုက်ခိုက်

တည်သီးတောရွာသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအားကောင်းသော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါ ကျေးရွာသည် ခင်ဦးမြို့နှင့် ပိုမိုနီးကပ်လျက်ရှိသည်။

(သိမ်းဆည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘို ပကဖ)
(သိမ်းဆည်းနိုင်ခဲ့သော လက်နက်နှင့်ကျည်များ၊ စစ်အသုံးအဆောင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘို ပကဖ)

▪️သေနတ်သုံးလက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေး​ရွာပျူစောထီးစခန်းအား မဟာမိတ်များပူးပေါင်းတိုက်ခိုက်ရာ ၉ဦးသေဆုံးပြီး သေနတ် သုံးလက်နှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်၂၃ ရက်) နံနက် ၃ နာရီခန့်က တည်သီးတောကျေးရွာအနီးရှိ ပျူစောထီးစခန်းကို တိုက်ခိုက်ခဲ့ရာ သေနတ် သုံးလက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် (ပကဖ) အဖွဲ့က အသိပေးသည်။

တိုက်ခိုက်ချိန် မိနစ် ၂၀ခန့်ကြာခဲ့ပြီးစစ်ကောင်စီဘက်က ၉ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ကာ အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း မဟာမိတ်အဖွဲ့များက ဆိုသည်။

Public Service Announcement
Public Service Announcement

“အဓိက ဝင်ချတာက ညောင်ပင်လှမဟုတ်ဘူး။ တည်သီးတောကို ဝင်ချတာ။ အကျအဆုံးက မသိသေးဘူး။ ဝင်တိုက်ပြီး ပြန်ထွက်လာတာ” ဟု ရွှေဘိုမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ပွဲအတွင်း စစ်အုပ်စုထံမှ ကာဘိုင် (၂) လက်၊ ကိုးလုံး(၁)လက်၊ ကိုးလုံးကျည် (၂၅)တောင့်၊ ကာဘိုင်ကျည် (၂၀၉) တောင့်၊ ကျည်ဘောက် (၁)ခုနှင့် ချပ်ဝတ်တန်ဆာ (၇)ခုနှင့် Huawei ဖုန်း(၁)လုံးတို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ရွှေဘို(ပကဖ)အဖွဲ့က ထုတ်ပြန်သည်။

စစ်ဆင်ရေးကို ရွှေဘိုမြို့နယ်ပကဖ(PDO)(Shwebo Justice Force အဖွဲ့၊ ရွှေတောသားအဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ်(၃)ပကဖအဖွဲ့နှင့် ဒီပဲယင်းမြို့နယ်ပကဖ Group 3(ဂဠုန်မင်းအဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တ‌ကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌ဘော်များ အထိအခိုက်မရှိကြောင်း အသိပေးထားသည်။

တည်သီးတောရွာသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသည့် ပျူအားကောင်းသော ကျေးရွာတစ်ရွာဖြစ်သည်။ အဆိုပါ ကျေးရွာသည် ခင်ဦးမြို့နှင့် ပိုမိုနီးကပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ပြည်သူများ ဖိနှိပ်နေသည့် သိန်းငှက်‌ပျူစောထီးအဖွဲ့ကို မြို့ပြကြွက်ကွန်ရက်အတွင်းရှိ ပြောက်ကျားရဲဘော်များက လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီးကို ပတ်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက လေးရက်အတွင်း စုစုပေါင်း ဒေသခံ‌ ၁၁ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်ဆယ်နဲ့ချီ​သေဆုံးထိခိုက်ပြီး ပျူစခန်းတခုသိမ်း၊လက်နက်ခဲယမ်းတွေရရှိ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။