Connect with us

Hi, what are you looking for?

သတင်း

ရှင်မတောင်ပေါ် ရိက္ခာပို့သည့် စစ်ကောင်စီယာဥ် တိုက်ခိုက်ခံရ

ရေစကြို(ပကဖ)သည် ဇူလိုင် ၂၂ ရက်ကလည်း ​သူဌေးကုန်းကျေးရွာသို့ တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

(ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်အား တိုက်ခိုက်ရန် ရဲဘော်များသွားရောက်နေစဥ်)
(ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်အား တိုက်ခိုက်ရန် ရဲဘော်များသွားရောက်နေစဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရှင်မတောင်ပေါ်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဥ်ကို အသွားအပြန်နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တပ်မ(၁၀၁)မှ စစ်ကောင်စီတပ်သားများနှင့် ဆင်ချောင်းရွာမှ ပျူစောထီးများသည် အင်အား ၇၀ ခန့်ဖြင့် ဇူလိုင် ၂၄ ရက်က ရေစကြိုမြို့နယ် ရှင်မတောင်တောင်ပေါ်သို့ ရိက္ခာပို့ရန် ဖောကား နှစ်စီးဖြင့် ထွက်လာခဲ့သည်။

အဆိုပါ ယာဥ်နှစ်စီးကို ထန်းတိုကျေးရွာနှင့် ချင်းယားကုန်းကျေးရွာကြားတွင် ပဒေသာမိုင်းဖြင့် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုတွင် စစ်အုပ်စု ဒဏ်ရာများရရှိသလို ကားတစ်စီးလည်း ပျက်စီးသွားကြောင်း ရေစကြို(ပကဖ)က ဆိုသည်။

Public Service Announcement

Public Service Announcement

“ကားပျက်သွားတော့ တောင်ပေါ်ထိမတက်နိုင်တော့ဘဲ လမ်းမှာတင် ရပ်ထားတယ်။ တောင်ပေါ်ကနေ ကားသေးနဲ့ရိက္ခာတွေလာကဲ့(သယ်)တယ်”ဟု ရေစကြို(ပကဖ) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်အုပ်စုသည် ဇူလိုင်၂၆ရက် နံနက်ပိုင်းတွင် ရိက္ခာများပို့ဆောင်ပြီးနောက် ရှင်မတောင်ပေါ်မှ ဆင်းလာခဲ့သည်။

Public Service Announcement
Public Service Announcement

နံနက်၇နာရီ ၁၅မိနစ်ခန့်တွင် ချင်းယားကုန်းနှင့်ထန်းတိုကျေးရွာကြားအရောက်တွင် ရဲဘော်များနှင့် နာရီဝက်ကြာ အနီးကပ်အပြန်လှန်ပစ်မှုများဖြစ်ပွားခဲ့ကြောင်း ရေစကြို(ပကဖ)က ပြောသည်။

“ကျွန်တော်တို့ထောင်ထားတဲ့ ပွိုင့်တွေ ရှေ့ဆုံးကလျှောက်လာတဲ့ ခုနစ်ယောက်လောက်က တွေ့သွားတယ်။ သုံးယောက်က သွားဖြုတ်တယ်။ အဲဒီအချိန် ကျွန်တော်တို့က လက်ဦးမှုယူလိုက်တယ်။ သုံးယောက်ကနေရမှာတင် မှောက်သွားတယ်။”ဟု ၎င်းက ပြောသည်။

ထို့အပြင် အများအပြားလည်း ထိခိုက်ဒဏ်ရာများရရှိသွားပြီး ရဲဘော်များအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့ဟုလည်း အသိပေးသည်။ သို့သော် စစ်အုပ်စုဘက်က ထိခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြိုနယ်(ပကဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ရေစကြို(ပကဖ)သည် ဇူလိုင် ၂၂ ရက်ကလည်း ​သူဌေးကုန်းကျေးရွာသို့ တပ်စွဲရန်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ထိန်းချုပ်ရေး ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA) ရဲဘော်တွေအတွက် ရိက္ခာကမ်ပိန်း ပြုလုပ်လျက်ရှိရာ ဆန်အိတ် ၁၀၀၀ နီးပါး ရရှိနေပြီဖြစ်ကြောင်း CPU/CPA ထောက်ပို့ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။