Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် NLD ဆုံးဖြတ်

စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု NLDက အလေးအနက်ယုံကြည်ထားသည်။

(ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ UN ရုံးရှေ့၌ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်က ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - PS)
(ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ UN ရုံးရှေ့၌ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ရက်က ဆန္ဒပြတောင်းဆိုနေစဉ်။ ဓာတ်ပုံ - PS)

▪️တိုင်းရင်းသားရေးရာကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းရန် အချက်များအပါအဝင် ဆုံးဖြတ်ချက် ၇ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြု

မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဗဟိုကော်မတီက ဆုံးဖြတ်အတည်ပြုကြောင်း ယနေ့ ထုတ်ပြန်သည်။မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဗဟိုကော်မတီက ဆုံးဖြတ်အတည်ပြုကြောင်း ယနေ့ ထုတ်ပြန်သည်။

အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလဒုတိယအကြိမ် အစည်းအဝေးကို ယနေ့(ဇူလိုင် ၂၉ ရက်)တွင် အွန်လိုင်း(Zoom)မှတဆင့် ကျင်းပခဲ့ပြီး မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်ရန် နှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရာတွင် တိုင်းရင်းသားများနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကာ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားရေးရာကော်မတီကို အင်အားတိုးချဲ့ဖွဲ့စည်းရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် ၇ ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်သည်။

“ဆုံးဖြတ်ချက် ၇ ချက်ကို ခြုံငုံပြီးတော့ သုံးသပ်ပြရရင် ဒေါ် အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားများအားလုံး လွတ်မြောက်ရေး၊ တော်လှန်ရေးအင်အားစုတွေကြားမှာ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ တော်လှန်တိုက်ပွဲဝင်သွားဖို့နဲ့ အမြန်ဆုံးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက်ကို ကျားကုတ်ကျားခဲဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲဗျ”ဟု NLD ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောသည်။

စစ်ခေါင်းဆောင်တစ်စုက တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖေါက်ပြီး အဓမ္မအာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချန်လှပ်ထား၍မရနိုင်သည့် အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု NLDက အလေးအနက်ယုံကြည်ထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါ အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၄)ဦး၊ အရံဗဟိုကော်မတီဝင် (၁၀) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်(၂၀) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၁၈) ဦး စုစုပေါင်း (၉၃ ) ဦး တက်ရောက်ခဲ့သည်ဟု ဖော်ပြသည်။ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင် များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ ကြောင်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လွတ်လပ်ခြင်းရှိမှ တန်ဖိုးရှိတဲ့ အနုပညာကို တီထွင်နိုင်ကြောင်း ‌လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကိုတော်လှန်အနုပညာရှင်တွေက ကမ်ပိန်းတစ်ခုအနေနဲ့ ဒီက​နေ့မှာ လူမှုကွန်ရက်မှာတင်နေကြပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာက သတ်မှတ်သလို နိုင်ငံရေးအကျဥ်းသားမဟုတ်ဘဲ အကျင့်ပျက်လာဘ်စားမှုကြောင့် ပြစ်ဒဏ်ချခံထားရတာဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီဝန်ကြီးဟောင်း ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

သတင်း

အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အကျဉ်းချတာ၊ အဖွဲ့ဖျက်သိမ်းရန် ကြိုးပမ်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမုန်းတရား သပ်သပ် လုပ်ရပ်တွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က စက်တင်ဘာ ၂၇ရက်က ကျရောက်တဲ့ NLD ပါတီ တည်ထောင်တာ (၃၇)နှစ်ပြည့် သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။