Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး ပျုစောထီးများမီးရှို့ပြီး PDFကရှို့သည်ဟုဆိုကာ သတင်းအမှားလွှင့်

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အပိုင်း(B)တွင်ရှိသော ပြည်ခိုင်ဖြိုးပါတီရုံးသည် ယနေ့ည ၈ နာရီခန့်မှ စတင်ကာ မီးလောင်နေခြင်းဟု သိရသည်။

(ဖားကန့်ရှိ ပြည်ခိုင်ဖြိုးရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)
(ဖားကန့်ရှိ ပြည်ခိုင်ဖြိုးရုံးမီး​လောင်​နေစဥ်။ဓါတ်ပုံ-CJ)

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို ယနေ့ည ၈နာရီခန့်တွင် ပျုစောထီးများ မီးရှို့ဖျက်ဆီးသွားပြီး PDFက မီးရှို့သည်ဟုဆိုကာ သတင်းအမှားလွှင့်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အပိုင်း(B)တွင်ရှိသော ပြည်ခိုင်ဖြိုးပါတီရုံးသည် ယနေ့ည ၈ နာရီခန့်မှ စတင်ကာ မီးလောင်နေခြင်းဟု သိရသည်။

“ကျွန်တော်တို့ လုံးဝမရှို့ဘူး။ ဘယ်ပြည်သူကမှ ရှို့တာလည်း မဟုတ်ဘူး။ သူတို့အချင်းချင်း လုပ်တာ။PDF တွေလုပ်တာဆိုပြီး သက်သက အစဆွဲနေတာ” ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

ပျူစောထီး ငါးဦးထက်မနည်းက ဆိုင်ကယ်ဖြင့်လာရောက်ကာ မီးရှို့ပြီး ထွက်ပြေးသွားကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

မီးလောင်မှုကြောင့် ပါတီရုံးအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။ ယနေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီနှင့် ရဲအချို့ မီးလောင်ရာနေရာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။