ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးကို ယနေ့ည ၈နာရီခန့်တွင် ပျုစောထီးများ မီးရှို့ဖျက်ဆီးသွားပြီး PDFက မီးရှို့သည်ဟုဆိုကာ သတင်းအမှားလွှင့်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အပိုင်း(B)တွင်ရှိသော ပြည်ခိုင်ဖြိုးပါတီရုံးသည် ယနေ့ည ၈ နာရီခန့်မှ စတင်ကာ မီးလောင်နေခြင်းဟု သိရသည်။
“ကျွန်တော်တို့ လုံးဝမရှို့ဘူး။ ဘယ်ပြည်သူကမှ ရှို့တာလည်း မဟုတ်ဘူး။ သူတို့အချင်းချင်း လုပ်တာ။PDF တွေလုပ်တာဆိုပြီး သက်သက အစဆွဲနေတာ” ဟု ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
ပျူစောထီး ငါးဦးထက်မနည်းက ဆိုင်ကယ်ဖြင့်လာရောက်ကာ မီးရှို့ပြီး ထွက်ပြေးသွားကြောင်း ဒေသခံအချို့က ပြောသည်။
မီးလောင်မှုကြောင့် ပါတီရုံးအဆောက်အအုံတစ်ခုလုံး ပျက်စီးသွားကြောင်း သိရသည်။ ယနေ့ည ၉ နာရီခန့်တွင် စစ်ကောင်စီနှင့် ရဲအချို့ မီးလောင်ရာနေရာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။
