Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနန်းတွင်းအပါအဝင် စစ်ရေးပစ်မှတ်နှစ်ခုကို (၈၀)မမဖြင့် ပစ်ခတ်တိုက်ခိုက်

ဇွန်လ ၂၆ ရက်ကလည်း ‘တိမ်ပျံစစ်ဆင်ရေး’အဖြစ် မန္တလေးနန်းတွင်းရှိ စစ်ကောင်စီတပ်ကို GZP(Mandalay)နှင့် Peacock Warrior Force(မတ္တရာ)အဖွဲ့တို့ပူးပေါင်းပြီး နည်းပညာမြင့်ပစ္စည်းများအသုံးပြု၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)

စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးမြို့နန်းတွင်းအပါအဝင် စစ်ရေးပစ်မှတ် နှစ်ခုကို (၈၀)မမ လက်လုပ်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD မှတာဝန်ရှိသူက ပြောသည်။

ဩဂုတ် ၁ရက် နံနက် ၄ နာရီခွဲခန့်တွင် မန္တလေးမြို့ ၆၆လမ်း ၊ ၁၄ လမ်းထောင့်မှ မန္တလေးမြို့နန်းတွင်းသို့ (၈၀) မမလက်လုပ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမရပူရမြို့ ကွက်သစ်ရှိ သံလမ်းအနီးမှ ပလစ ထောက်လှမ်းရေး(၁၆)ကိုလည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ လက်လုပ်ဆိုတော့ ချို့ယွင်းတာတော့ရှိတယ်။ ရှိတာနဲ့ Missionဖော်ဆောင်ရတာပါပဲ” ဟု ၎င်းက ပြောသည်။

(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)
(၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပသည့် ရွေးကောက်ပွဲတွင် မန္တလေးနန်းတွင်း တပ်မဲရုံအတွင်း တပ်မတော်မိသားစုများ မဲပေးနေသည့် မြင်ကွင်း။ လပခ နှင့် လပခ တည်ရှိရာ မနာတ​လေးကျုံး၊နန်း​တော် အနီးဝန်းကျင်တို့ကို Google Map တွင်​တွေ့ရမှု)

ပစ္စည်း ချို့ယွင်းမှုရှိခဲ့သောကြောင့် တစ်နေရာကို အဖူးတစ်ဖူးစီဖြင့်သာ ပစ်ခတ်ခဲ့ရပြီး စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်များ၏ လုံခြုံရေးအရ ‌(၈၀)မမပြောင်းများနှင့် အဖူးများကို မယူဆောင်နိုင်ခဲ့သောကြောင့် စစ်ဆင်ရေးလုပ်ဆောင်သည့်နေရာကို ရှောင်ရှားနိုင်ရန် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ဆင်ရေးနှင့်ပတ်သက်သည့် အထိအခိုက်စာရင်းကို စစ်ကောင်စီဘက်မှ သတင်းဖုံးထားသောကြောင့် အတိအကျစုံစမ်း၍ မရသေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

“ လိုအပ်ချက်ကတော့ လက်နတ်ခဲယမ်းနဲ့ ပြည်သူလူထု ဒီထက်မက ပိုမိုပူးပေါင်းဖို့ပါပဲဗျာ။ လက်နက်ခဲယမ်းကတော့ အဓိကလိုတာပေါ့ဗျာ” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

ဇွန်လ ၂၆ ရက်ကလည်း ‘တိမ်ပျံစစ်ဆင်ရေး’အဖြစ် မန္တလေးနန်းတွင်းရှိ စစ်ကောင်စီတပ်ကို GZP(Mandalay)နှင့် Peacock Warrior Force(မတ္တရာ)အဖွဲ့တို့ပူးပေါင်းပြီး နည်းပညာမြင့်ပစ္စည်းများအသုံးပြု၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့နောက် နှစ်ရက်ကြာပြီးချိန်မှာ အရှေ့အလယ်ပိုင်း ဒေသအနှံ့က အမေရိကန် စစ်စခန်းတွေနဲ့ အစ္စရေး စစ်ရေးပစ်မှတ်တွေဟာလည်း အီရန်ရဲ့ အပြင်း အထန် လက်တုံ့ပြန်မှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊မုန်းမြို့နယ်(မူးမြို့နယ်)မှာ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်မှု ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းပိုင်းပေါ်က စစ်တပ်စစ်ဆေးရေးဂိတ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း COBRAONE Pakokku တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမတိုင်ခင်နာရီပိုင်း အလိုမှာ မန္တလေးမြို့ နန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

Facebook