Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ပိုင်ကုန်စည် ၈ မျိုး နှစ်လအတွင်း ၇၀ ရာခိုင်နှုန်း ရောင်းအားကျစေရေး ပြည်သူများပါဝင်ရန် ဦးမင်းကိုနိုင် တိုက်တွန်း

စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူများက စစ်တပ်ပိုင်ထုတ်ကုန်များကို ဆန့်ကျင်သပိတ်မှာက်သဖြင့် ​ရောင်းအားကျဆင်းခဲ့သည်။ယခုအခါ စစ်​ကောင်စီက ​ဒေသအချို့တွင် စစ်တပ်ထုတ်ကုန်များကို ဝယ်၍ ​ရောင်းရန် ​ဈေးဆိုင်များကို ဖိအား​ပေးခြိမ်း​ခြောက်လာ​ကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

(၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်)
(၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်)

-“ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကိုသတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ။”

ဘဏ္ဍာရေးစစ်မျက်နှာအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့် အစီအစဉ် တစ်ခုကို ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က ယနေ့ အသိပေးခဲ့ပြီး ပြည်သူတရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ရမည့် စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များကို ၎င်း၏ Facebook ၌ ရေးသားဖော်ပြခဲ့သည်။

ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမည့် ဘဏ္ဍာရေးနှင့် စီးပွါးရေးတိုက်ပွဲ၏ ဗွေဆော်ဦးခြေလှမ်းဖြစ်ကြောင်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဒီမိုက​ရေစီအတွက်တိုက်ပွဲဝင်​တောင်းဆိုခဲ့​သော ရှစ်​လေးလုံးအ​ရေး​တော်ပုံ ၃၅ နှစ်ပြည့် ​နေ့တွင်သတင်းစကားပါးသည်။

“ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ စစ်တပ်ပိုင် အရက်ဘီယာအုပ်စုနဲ့ စီးကရက် တွေပဲ ဖြစ်ပါတယ်။ ဒီအရက်၊ ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ ကုန်စည်အမျိုးအစားအလိုက်ပြောရရင် ဒီကနေမှ ဖက်ဆစ်တပ် ပုံမှန်ရနေတဲ့ ဝင်ငွေပမာဏက အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

ပြည်သူတရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ရမည့် တံဆိပ်များကို ဖော်ပြခဲ့ရာ မြန်မာ ဘီယာ (Myanmar Beer)၊ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)၊ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)၊ မန္တလေး ဘီယာ၊ ရမ် (Mandalay)၊ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)၊ အာမီရမ် (Army Rum) တို့ဖြစ်ပြီး အကြမ်းဖက်စစ်တပ်ပိုင် စီးကရက်များဖြစ်သည့် Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ကိုလည်း သပိတ်မှောက်ရန် အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီအုပ်စုမှာ ကုန်စည်တံဆိပ်အမျိုးအစားက သိပ်အများကြီး မရှိပါဘူး။ စုစုပေါင်းမှ (၈) မျိုးတည်းပါ။စစ်အုပ်စုအတွက် လက်နက်ဖိုး ဖြည့်ပေးနေတဲ့ ဒီကုန်စည်တံဆိပ် (၈) မျိုးနဲ့ပတ်သတ်ပြီး တိုက်ပွဲဦးတည်ချက်က ဒီလိုပါ။ အချိန် အခုကနေစပြီး အချိန် (၂) လအတွင်းမှာဦးတည်ချက် – ဒီတပ်ပိုင်ကုန်စည်တွေရဲ့ လက်ရှိစုစုပေါင်း ရောင်းအားရဲ့ (၇၀%) အထိ ထိုးကျသွားဖို့ ဦးတည်ပြီး ချကြမယ်ဗျာ” ဟု ဦးမင်းကိုနိုင်က ရေးသား တိုက်တွန်းသည်။

စစ်တပ်၏ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနှင့် ဖြတ်တောက်ရိုက်ချိုးပစ်မည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင်ဆင်နွှဲကြရန် အချိန်ရောက်လာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီဘဏ္ဍာရေးတိုက်ပွဲရဲ့ အစိတ်အပိုင်းတခုအနေနဲ့အကြမ်းဖက်စစ်တပ်ပိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြပါစို့” ဟု ၎င်းကတိုက်တွန်းသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူများက စစ်တပ်ပိုင်ထုတ်ကုန်များကို ဆန့်ကျင်သပိတ်မှာက်သဖြင့် ​ရောင်းအားကျဆင်းခဲ့သည်။ယခုအခါ စစ်​ကောင်စီက ​ဒေသအချို့တွင် စစ်တပ်ထုတ်ကုန်များကို ဝယ်၍ ​ရောင်းရန် ​ဈေးဆိုင်များကို ဖိအား​ပေးခြိမ်း​ခြောက်လာ​ကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

ထိုအပြင် ရှစ်​လေးလုံးအ​ရေး​တော်ပုံ ထင်ရှားသည့်​​ခေါင်း​ဆောင်ဖြစ်ခဲ့​သော ဦးမင်းကိုနိုင်က”ဘက်ပေါင်းစုံခွက်ခွက်လန်ရှုံးသူတွေက နှစ်သောင်းတန်တွေ၊ကားဘယ်နှစီးတိုက်စက္ကူဘယ်လောက်ရိုက်ထုတ်မှန်းပြည်သူတွေမသိ။ ဒါ ၈၈ တုန်းက ငွေစက္ကူတွေဖျက်သိမ်း၊ပြည်သူကို ဓားပြတိုက်တဲ့ပြစ်မှုမျိုးနောက်တနည်းနဲ့ကျူးလွန်တာပဲ။အေး၈၈ တုန်းက လက်နက်မဲ့ပြည်သူကတောင်မဆလ အစိုးရကိုဖြုတ်ချနိုင်ခဲ့သေးတာ ခုက ဘက်ပေါင်းစုံလက်ထဲရှိလာ ။သမိုင်းတလျှောက်အမြင့်ဆုံးအပြီးသတ်တိုက်ပွဲမှန်းသိ အောင်စိတ်အထွတ်ရောက်နေတဲ့ပြည်သူ့ ရေချိန် ခုဖက်ဆစ်ကောင်စီလည်း၈၈တုန်းက မဆလလိုဖြစ်ရစေ့မယ်။ဒါဟာ ၃၅ နှစ်တိုင် ကမ္ဘာမကျေဘူးကိုနေ့တိုင်းဆိုခဲ့တဲ့ပြည်သူတွေရဲ့ဓမ္မတေးပဲ”ဟုလည်း ရှစ်လေးလုံး ၃၅ နှစ်ပြည့်​နေ့တွင် ​ရေးသားထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံ၏ထောင်သက်အရှည်ဆုံးနိုင်ငံရေးသမားအဖြစ် ပြောစမှတ်တွင်ခဲ့သူတစ်ဦးရှိသည်။အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်ဖေဌေးဖြစ်သည်။စုစုပေါင်းထောင်သက်မှာ ၁၄ နှစ် ကျော်။ထောင်တင်မက ကျွန်းနှစ်ကျွန်းသို့ပါ ပို့ဆောင်ခြင်းခံရသူ။ သခင်ဖေဌေး၏ ထောင်တွင်းအစာငတ် ခံ တိုက်ပွဲအဆက်ဆက် ကိုရေတွက်လျှင်စုစုပေါင်း ၁၅၁ရက်ကြာအစာငတ်ခံတိုက်ပွဲဝင်ခဲ့သူ။ထို့ ကြောင့်ပင်သံမဏိအလံနီကြီးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

သတင်း

၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ကို ဦးမင်းကိုနိုင် ရရှိခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။

မေးမြန်းခန်း

စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ​ရွေး​ကောက်ပွဲက​နေ တက်လာတဲ့ စစ်တပ်လွှတ်​တော်က ဒီ​နေ့မှာ အာဏာသိမ်း​ခေါင်း​ဆောင်ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ကို သမ္မတအဖြစ်​ရွေးချယ်တင်​မြှောက်လိုက်တယ်လို့​ကြေညာပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်း​အောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်​ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။