Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ပိုင်ကုန်စည် ၈ မျိုး နှစ်လအတွင်း ၇၀ ရာခိုင်နှုန်း ရောင်းအားကျစေရေး ပြည်သူများပါဝင်ရန် ဦးမင်းကိုနိုင် တိုက်တွန်း

စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူများက စစ်တပ်ပိုင်ထုတ်ကုန်များကို ဆန့်ကျင်သပိတ်မှာက်သဖြင့် ​ရောင်းအားကျဆင်းခဲ့သည်။ယခုအခါ စစ်​ကောင်စီက ​ဒေသအချို့တွင် စစ်တပ်ထုတ်ကုန်များကို ဝယ်၍ ​ရောင်းရန် ​ဈေးဆိုင်များကို ဖိအား​ပေးခြိမ်း​ခြောက်လာ​ကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

(၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်)
(၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်)

-“ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကိုသတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ။”

ဘဏ္ဍာရေးစစ်မျက်နှာအတွက် ပြည်သူများ ပါဝင်ဆောင်ရွက်ရမည့် အစီအစဉ် တစ်ခုကို ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က ယနေ့ အသိပေးခဲ့ပြီး ပြည်သူတရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ရမည့် စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များကို ၎င်း၏ Facebook ၌ ရေးသားဖော်ပြခဲ့သည်။

ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး၊ အသက်အရွယ် ကျားမ မရွေး ပါဝင်ဆင်နွှဲကြရမည့် ဘဏ္ဍာရေးနှင့် စီးပွါးရေးတိုက်ပွဲ၏ ဗွေဆော်ဦးခြေလှမ်းဖြစ်ကြောင်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ပြီး ဒီမိုက​ရေစီအတွက်တိုက်ပွဲဝင်​တောင်းဆိုခဲ့​သော ရှစ်​လေးလုံးအ​ရေး​တော်ပုံ ၃၅ နှစ်ပြည့် ​နေ့တွင်သတင်းစကားပါးသည်။

“ဒီပထမအဆင့်မှာ ဦးတည်ပြီး ဖြတ်တောက်၊ ရိုက်ချိုးမယ့် စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ် ကုန်စည်တွေကတော့ စစ်တပ်ပိုင် အရက်ဘီယာအုပ်စုနဲ့ စီးကရက် တွေပဲ ဖြစ်ပါတယ်။ ဒီအရက်၊ ဘီယာ၊ စီးကရက်ကနေ ဖက်ဆစ်တပ် ရနေတဲ့ ဝင်ငွေပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ ကုန်စည်အမျိုးအစားအလိုက်ပြောရရင် ဒီကနေမှ ဖက်ဆစ်တပ် ပုံမှန်ရနေတဲ့ ဝင်ငွေပမာဏက အများဆုံးထဲမှာ ပါပါတယ်။ ဒီသွေးစွန်းငွေတွေကပဲ ပြည်သူကို သတ်ဖြတ်နေတဲ့ လက်နက်ဖိုး၊ ကျည်ဆန်ဖိုးတွေဖြစ်သွားတာပါ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

ပြည်သူတရပ်လုံးက ဆန့်ကျင်သပိတ်မှောက်ရမည့် တံဆိပ်များကို ဖော်ပြခဲ့ရာ မြန်မာ ဘီယာ (Myanmar Beer)၊ အတ်(ထ)မန် တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Andaman Gold)၊ ဒဂုံ တံဆိပ် အရက်၊ ဘီယာ၊ အချိုရည် (Dagon)၊ မန္တလေး ဘီယာ၊ ရမ် (Mandalay)၊ဘလက်ရှီး စတောက်ဘီယာ (Black Shield Stout)၊ အာမီရမ် (Army Rum) တို့ဖြစ်ပြီး အကြမ်းဖက်စစ်တပ်ပိုင် စီးကရက်များဖြစ်သည့် Red Ruby စီးကရက်၊ Premium Gold စီးကရက်တို့ကိုလည်း သပိတ်မှောက်ရန် အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီအုပ်စုမှာ ကုန်စည်တံဆိပ်အမျိုးအစားက သိပ်အများကြီး မရှိပါဘူး။ စုစုပေါင်းမှ (၈) မျိုးတည်းပါ။စစ်အုပ်စုအတွက် လက်နက်ဖိုး ဖြည့်ပေးနေတဲ့ ဒီကုန်စည်တံဆိပ် (၈) မျိုးနဲ့ပတ်သတ်ပြီး တိုက်ပွဲဦးတည်ချက်က ဒီလိုပါ။ အချိန် အခုကနေစပြီး အချိန် (၂) လအတွင်းမှာဦးတည်ချက် – ဒီတပ်ပိုင်ကုန်စည်တွေရဲ့ လက်ရှိစုစုပေါင်း ရောင်းအားရဲ့ (၇၀%) အထိ ထိုးကျသွားဖို့ ဦးတည်ပြီး ချကြမယ်ဗျာ” ဟု ဦးမင်းကိုနိုင်က ရေးသား တိုက်တွန်းသည်။

စစ်တပ်၏ ဝင်ငွေရေသောက်မြစ်အားလုံးကို လူထုအားနှင့် ဖြတ်တောက်ရိုက်ချိုးပစ်မည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ စစ်မျက်နှာစာကြီးကို အမြင့်မားဆုံး ဖော်ဆောင်ဆင်နွှဲကြရန် အချိန်ရောက်လာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီဘဏ္ဍာရေးတိုက်ပွဲရဲ့ အစိတ်အပိုင်းတခုအနေနဲ့အကြမ်းဖက်စစ်တပ်ပိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေ၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ပြည်သူလူထုက ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်ကြရမှာ ဖြစ်ပါတယ်။ ဖက်ဆစ်တပ်ရဲ့ ဝင်ငွေရင်းမြစ်အားလုံးကို တခုချင်းစီအလိုက် တဆင့်ပြီးတဆင့် လူထုအားနဲ့ လှဲဖြို၊ ဖြတ်တောက်ကြပါစို့” ဟု ၎င်းကတိုက်တွန်းသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူများက စစ်တပ်ပိုင်ထုတ်ကုန်များကို ဆန့်ကျင်သပိတ်မှာက်သဖြင့် ​ရောင်းအားကျဆင်းခဲ့သည်။ယခုအခါ စစ်​ကောင်စီက ​ဒေသအချို့တွင် စစ်တပ်ထုတ်ကုန်များကို ဝယ်၍ ​ရောင်းရန် ​ဈေးဆိုင်များကို ဖိအား​ပေးခြိမ်း​ခြောက်လာ​ကြောင်း ​ဒေသခံပြည်သူအချို့က​ပြောသည်။

ထိုအပြင် ရှစ်​လေးလုံးအ​ရေး​တော်ပုံ ထင်ရှားသည့်​​ခေါင်း​ဆောင်ဖြစ်ခဲ့​သော ဦးမင်းကိုနိုင်က”ဘက်ပေါင်းစုံခွက်ခွက်လန်ရှုံးသူတွေက နှစ်သောင်းတန်တွေ၊ကားဘယ်နှစီးတိုက်စက္ကူဘယ်လောက်ရိုက်ထုတ်မှန်းပြည်သူတွေမသိ။ ဒါ ၈၈ တုန်းက ငွေစက္ကူတွေဖျက်သိမ်း၊ပြည်သူကို ဓားပြတိုက်တဲ့ပြစ်မှုမျိုးနောက်တနည်းနဲ့ကျူးလွန်တာပဲ။အေး၈၈ တုန်းက လက်နက်မဲ့ပြည်သူကတောင်မဆလ အစိုးရကိုဖြုတ်ချနိုင်ခဲ့သေးတာ ခုက ဘက်ပေါင်းစုံလက်ထဲရှိလာ ။သမိုင်းတလျှောက်အမြင့်ဆုံးအပြီးသတ်တိုက်ပွဲမှန်းသိ အောင်စိတ်အထွတ်ရောက်နေတဲ့ပြည်သူ့ ရေချိန် ခုဖက်ဆစ်ကောင်စီလည်း၈၈တုန်းက မဆလလိုဖြစ်ရစေ့မယ်။ဒါဟာ ၃၅ နှစ်တိုင် ကမ္ဘာမကျေဘူးကိုနေ့တိုင်းဆိုခဲ့တဲ့ပြည်သူတွေရဲ့ဓမ္မတေးပဲ”ဟုလည်း ရှစ်လေးလုံး ၃၅ နှစ်ပြည့်​နေ့တွင် ​ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ပိုင် အရက်၊ ဘီယာ၊ အချိုရည် တံဆိပ်များမှာ မြန်မာဘီယာ ၊ Andama တံဆိပ် အရက်ဘီယာ၊ အချိုရည်၊ ဒဂုံတံဆိပ် အရက် ဘီယာ၊ အချိုရည်၊ မန္တလေးဘီယာ၊ ရမ်၊ Black Shield Stout ဘီယာ ၊ Army Rum၊...

သတင်း

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

​NUG နှင့် KNU ၊ KIA တို့သည် စစ်​ရေးပူး​ပေါင်း​ဆောင်ရွက်​နေပြီး ကရင်နီ ၊ချင်းတိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် အနည်းဆုံး တိူင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့် ပူး​ပေါင်း​ဆောင်ရွက်​နေ​ကြောင်းလည်းနိူင်ငံတကာသို့​အသိ​ပေးထားသည်။

မေးမြန်းခန်း

နိုင်ငံတစ်ဝန်း​နေ့စဥ်ပြည်သူ​တွေကိုအကြမ်းသတ်ဖြတ်၊ ဗုံးကျဲမီးရှို့​ဖျက်ဆီးနေတဲ့စစ်​ကောင်စီရဲ့အာဏာသိမ်း​ခေါင်း​ဆောင်နဲ့လက်ဆွဲနှုတ်ဆက်၊ အဆက်အဆံလုပ်ခဲ့တဲ့ ဘန်ကီးမွန်းကို ပြည်တွင်းမှာ​ရော နိုင်ငံတကာက ပြင်းပြင်းထန်ထန်​ဝေဖန်​နေကြပါတယ်။