Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ်အနောက်ခြမ်း၌စစ်ကောင်စီတပ်နှင့်ပျူများကို​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

သြဂုတ်လ ၇ ရက်နေ့ နံနက် ၈နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုအနောက်ခြမ်း ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ၆၀မမဗုံးသီးတစ်လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

(ဇီးဖြူကုန်းရွာရှိ ပျူ​နှင့်စစ်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)
(ဇီးဖြူကုန်းရွာရှိ ပျူ​နှင့်စစ်တပ်စခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ရန် ပြင်ဆင်နေစဥ် ။ဓာတ်ပုံ-ဗိုလ်ကျားရိုင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့်ပျူများအား နှစ်ကြိမ် တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ်လ ၇ ရက်နေ့ နံနက် ၈နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုအနောက်ခြမ်း ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ၆၀မမဗုံးသီးတစ်လုံး ကျဲချတိုက်ခိုက်ခဲ့သည်။

ထိုဗုံးသီးကြောင့် စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားပြီး ညနေ ၅နာရီ ၂၀မိနစ်ခန့်တွင် သေဆုံးသွားကြောင်းဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင်ကူးတို့ဆိပ်နှင့် တည်သီးတောရွာမှ အင်အား၄၀ ခန့်ပါ ပျူများ ထွက်လာစဉ် မင်းဘေးရွာနှင့် ဂျိုးမြေဇင်းကြား​တွင် ပဒေသာဆွဲမိုင်းဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုဆွဲမိုင်းကြောင့် ပျူ‌ ၁ဦးပွဲချင်းပြီး သေဆုံးပြီး ပျူ ၆ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း၊ ထိုနေ့ ည ၇နာရီခန့်တွင် ဒဏ်ရာရသူများအနက် ပျူ ၃ဦးထပ်မံ သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။

“လက်ရှိရွှေဘိုနယ်ကပျူရွာတွေ‌အခြေနေကတော့ ကျွန်တော်တို့ တော်လှန်ရေးမဟာမိတ်ညီကိုတွေက ပျူရွာတွေကို ရွာထဲထိဝင်ပစ်လိုက် သူတို့အသွားအလာလမ်းတွေမှာ ဆီးကြိုဆော်လိုက်နဲ့ သူတို့ကျီးလန့်စာစားပုံစံမျိုးဖြစ်နေကြတယ်။လက်နတ်ကိုင်ထားတဲ့သူ တော်တော်များများတောင် ပျူရွာတွေမှာမနေရဲကြတော့ဘဲ မြို့တွေဝေးရာ ရှောင်ပြီး ထွက်ပြေးကုန်ကြပြီ။”ဟု ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုစစ်ဆင်ရေးကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ် – Wild Tiger LPDF အဖွဲ့ ၊ Lightning Done Force – We are Everywhere Drone တပ်ဖွဲ့၊ ဒီပဲယင်း လက်ဝါးအဖွဲ့၊ GOLDEN EAGLE-ZBG LPDF၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊ တောင်သူကြီးများအဖွဲ့-LDF၊သပြေညို ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Bo Ba Taw – SHWEBO LPDF အဖွဲ့ တို့ ပူးပေါင်း ကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေဘိုအနောက်ခြမ်း ပျူရွာများမှ ပျူများလစာထုတ်ရန်အသွား မြို့လှ၊ ဂျိုးမြေဇင်း လမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်ထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အသက် ၇၅ ဝန်းကျင်အရွယ် ဦးမြင့်(အမည်လွှဲ)ဟာ ထီးလေးတချောင်းကိုင်ပြီး ရန်ကုန်က မြို့နယ်တခုရဲ့လဝကရုံးထဲ ယောင်ယောင်နနနဲ့ ဝင်လာခဲ့တယ်။ စားပွဲတစ်လုံးမှာ ထိုင်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီ မှတ်ပုံတင်ပေးရင်း စမတ်ကတ်လုပ်ဖို့ လိုအပ်တာတွေမေးတယ်။ ၂ ယောက်လုံး ခေါင်းတွေကုတ်နေကြတယ်။

ဆောင်းပါး

DEE/People’s Spring စစ်သားတွေကို သက်ရှိစည်းရိုးလို့ရည်ညွှန်းပြီး ရန်သူတွေစခန်းထဲအထိ ဝင်မလာနိုင်အောင် အသက်စွန့်တိုက်ကြလို့ မင်းသား ခန့်စည်သူမှာကြားတဲ့ ဇာတ်ဝင်ခန်းဟာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ လက်ထဲပါမသွားလို့ စစ်တပ်က ၂၀၂၄မှာ ဝါဒဖြန့်ဖို့ရိုက်ကူးခဲ့တဲ့ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်း ဖြစ်ပါတယ်။ “သက်ရှိစည်းရိုး”ရဲ့ နောက်ဆုံးဇာတ်သိမ်းခန်းမှာ ဥကရစ်ထတပ်စခန်းကို တော်လှန်ရေးတပ်တွေ...

သတင်း

အာဏာသိမ်းစစ်ကောင်စီ လုပ်ဆောင်နေသည့် ဟန်ပြငြိမ်းချမ်းရေးဖိုရမ်သည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည်မဟုတ်သလို ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေမှုသည်လည်း မတရားအာဏာရယူရန် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)က ယနေ့(ဇူလိုင် ၁၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယခုနှစ်ခြောက်လအတွင်း စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သူ ၂,၉၀၀ ခန့်ရှိကြောင်း စစ်ရာဇဝတ်မှုများကို မှတ်တမ်းတင်နေသည့် Spring Revolution Database က ယနေ့ ထုတ်ပြန်သည်။