Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့အဝင် စစ်ကောင်စီဂိတ်ကို PDF ပူးပေါင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန် လည်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - ရိုက်တာ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - ရိုက်တာ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အဝင်တွင် ဂိတ်စခန်းချပြီး ပြည်သူများထံမှ ငွေကြေးတောင်းခံနေသော စစ်ကောင်စီတပ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force-PDF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၉)နံနက် ၁၁ နာရီခန့်က ဒီပဲယင်းမြို့အဝင်ဂိတ်တွင် အင်အား ၂၀ ဝန်းကျင်ဖြင့် ငွေကြေးတောင်းနေသော စစ်ကောင်စီတပ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် လေးဦးထိခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားပြီး သေဆုံးသူသည် စစ်တပ်မှဗိုလ်အဆင့်ရှိသူဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ်က ပြောသည်။

“အဓိက သူတို့ စစ်ကြောင်းထိုးနေချိန်ဆိုတော့ ဝင်မပစ်လောက်ဘူးထင်ပြီး သူတို့ အငိုက် ဝင်ဆော်လိုက်တာပါ”ဟု ၎င်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ပြန် လည်ပစ်ခတ်ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး မဟာမိတ်ပူးပေါင်းတပ်မှ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလျှက်ရှိရာ ရမခ(၇၀၂)၊ (၇၀၈)စသည့် စစ်ကောင်စီတပ်ရင်းများမှ အင်အား ၂၀၀ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေချိန် မြို့အဝင်ဂိတ်အား ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဒီပဲယင်းမြို့အဝင်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ပေါ်ရှိ ရပ်ကွက်တစ်ခု ဝင်ရောက်ကာ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူများဘေးလွတ်ရာရှောင်တိမ်းနေကြရကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းအခြေအနေတွင် ဒီပဲယင်းမြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် စိုင်ပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook