Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်မှစစ်တပ်နှင့်ပျူစခန်းကို PDFများတိုက်ခိုက်၊ စခန်းသိမ်းနိုင်ခါနီးတွင်စစ်တပ်က​လေ​ကြောင်းမှလာပစ်

ကန့်ဘလူမြို့နယ်‌တောင်ပိုင်း၊ ရွှေဘို- မြစ်ကြီးနားလမ်းဘေးရှိယမနေရွာ စစ်ကောင်စီစခန်းကို ဩဂုတ်လ ၁၂ရက် နံနက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာခဲ့ခြင်းဖြစ်သည်။

(ကန့်ဘလူမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)
(ကန့်ဘလူမြို့နယ်အတွင်းရှိ PDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KB2)

ကန့်ဘလူမြို့နယ်၊ ယမနေရွာရှိ စစ်​ကောင်စီတပ်နှင့် ပျူပူး​ပေါင်းစခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက စီးနင်းတိုက်ခိုက်ရာ စခန်းသိမ်းလုခါနီးတွင်စစ်တပ်က​လေ​ကြောင်းမှ လာ​ရောက်ပစ်ကူခဲ့​​သော​ကြောင့် ပြန်ဆုတ်ခဲ့ကြောင်း PDF အချို့က ​ပြောသည်။

ကန့်ဘလူမြို့နယ်‌တောင်ပိုင်း၊ ရွှေဘို- မြစ်ကြီးနားလမ်းဘေးရှိယမနေရွာ စစ်ကောင်စီစခန်းကို ဩဂုတ်လ ၁၂ရက် နံနက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာခဲ့ခြင်းဖြစ်သည်။

“မိုင်းကွင်းတွေဆို ကြက်ခြေခတ်တွေလို ခင်းထားတာ။ ရအောင် ထိုးဖောက်တိုက်တာ” ဟု ကန့်ဘလူမြို့နယ်မှ ပြည်သူ့ကာကွယ်‌ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲကို ၅ နာရီ ၂၈ မိနစ်တွင် စတင်ခဲ့ပြီး ၇နာရီ ခွဲခန့်တွင် စခန်းအား သိမ်းယူကာနီး၌ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း။သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

” သူတို့ ကတုပ်ကျင်းတွေထဲ ကိုယ့်ရဲဘော်တွေ ရောက်နေလို့ ကံကောင်းတာ” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်

ဩဂုတ်လ ၁၂ရက် နံနက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုကို အတိအကျမသိရသော်လည်း ထိုစခန်းတွင် စစ်ကောင်စီနှင့် ပျုစောထီး ပူပေါင်းအင်အား ၃၀ ဦးထက်မနည်း တပ်စွဲထားကြောင်း၊ ၂နာရီနီးပါးကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ခြောက်ဦးသာ တွေ့ရတော့ကြောင်း တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“ခွေးခြောက်ကောင်ပဲကျန်တော့တာ။ စခန်းကိုသိမ်းရကာနီးမှ ဖိုက်တာလာပစ်လို့သေနတ်ကောက်ပြီးသားတွေကို ထားခဲ့ရတာ။ စိန်ပြောင်းတစ်လက်တော့ ရခဲ့တယ်” ဟု အဆိုပါကာကွယ်ရေးရဲ‌ဘော် ကပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့စဉ် ကာကွယ်ရေးရဲဘော်အချို့ ကျည်ထိမှန် ဒဏ်ရာရခဲ့သည်။ စစ်တပ်စခန်း တိုက်ခိုက်စီးနင်းခံရ​သော​ကြောင့် စစ်ကောင်စီတပ်က အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုရန်ပြင်ဆင်နေကြောင်းသိရပြီးစစ်​ရေးတင်းမာ​နေ ​ကြောင်း PDFအချို့က​ပြောသည်။ “ကိုယ်တွေလည်း စောင့်နေပါတယ်” ဟု PDF တစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။