မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျွန်းပေါ်ကျေးရွာများတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ငါန်းမြာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
သြဂုတ် ၁၇ ရက် နံနက် ၇နာရီခန့်က မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Myingyan District Drone Strike အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ည၈နာရီခန့်တွင် စစ်ကား သုံးစီး၊ လူမှုကူညီရေးယာဥ် တစ်စီးဖြင့် ငါန်းမြာရဲစခန်းသို့ ရောက်လာပြီး သေဆုံးအလောင်းများအား သယ်ဆောင်သွားသည်ဟု ဆိုသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် ငါန်းဇွန်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေ၍ အာရုံလွှဲစေရန် ငါန်းမြာရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အင်အားက ၂၅ ကောင်လောက်ရှိမယ်ဗျ။လက်ရှိမှာတော့ ငါန်းမြာကျေးရွာ အနီးနားရွာတွေ တောတွေ နင်းရှာနေတယ်ဗျ။ အခု့ ညနေထိတော့ မြင်သာကျေးရွာမှာ အင်အား ၅၀ရှိနေတယ် “ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား Myingyan District Drone Strike နှင့်Shar Htoo Wawနည်းပညာတပ်ဖွဲ့ Team 2နှင့် အတူ 27Revolution Forces(မြင်းခြံခရိုင်အမှတ်၁တပ်ရင်း)၊ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း (တပ်ခွဲ-၂)၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း (NPDF)၊ မိထ္တိလာခရိုင်ဒရုန်းတပ်ဖွဲ့၊ညောင်ဦးခရိုင်ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ငါန်းဇွန်နယ်တွင် စစ်ကောင်စီတပ်က သြဂုတ် ၆ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူ ၅ဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။ အောင်သုခကျွန်းရှိ နေအိမ် ၆၀ခန့် မီးရှို့ခံခဲ့ရပြီး ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
