Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်နယ်ရှိ ငါန်းမြာရဲစခန်းအား ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီတပ်သည် ငါန်းဇွန်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေ၍ အာရုံလွှဲစေရန် ငါန်းမြာရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(တော်လှန်ရေးရဲဘော်များက ငါန်းမြာရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - Myingyan District Drone Strike)
(တော်လှန်ရေးရဲဘော်များက ငါန်းမြာရဲစခန်းအား ဒရုန်းဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - Myingyan District Drone Strike)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျွန်းပေါ်ကျေးရွာများတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ငါန်းမြာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ် ၁၇ ရက် နံနက် ၇နာရီခန့်က မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ ငါန်းမြာရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Myingyan District Drone Strike အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ည၈နာရီခန့်တွင် စစ်ကား သုံးစီး၊ လူမှုကူညီရေးယာဥ် တစ်စီးဖြင့် ငါန်းမြာရဲစခန်းသို့ ရောက်လာပြီး သေဆုံးအလောင်းများအား သယ်ဆောင်သွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ငါန်းဇွန်နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးဖျက်ဆီးနေ၍ အာရုံလွှဲစေရန် ငါန်းမြာရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အင်အားက ၂၅ ကောင်လောက်ရှိမယ်ဗျ။လက်ရှိမှာတော့ ငါန်းမြာကျေးရွာ အနီးနားရွာတွေ တောတွေ နင်းရှာနေတယ်ဗျ။ အခု့ ညနေထိတော့ မြင်သာကျေးရွာမှာ အင်အား ၅၀ရှိနေတယ် “ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Myingyan District Drone Strike နှင့်Shar Htoo Wawနည်းပညာတပ်ဖွဲ့ Team 2နှင့် အတူ 27Revolution Forces(မြင်းခြံခရိုင်အမှတ်၁တပ်ရင်း)၊ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း (တပ်ခွဲ-၂)၊ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း (NPDF)၊ မိထ္တိလာခရိုင်ဒရုန်းတပ်ဖွဲ့၊ညောင်ဦးခရိုင်ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ငါန်းဇွန်နယ်တွင် စစ်ကောင်စီတပ်က သြဂုတ် ၆ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူ ၅ဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။ အောင်သုခကျွန်းရှိ နေအိမ် ၆၀ခန့် မီးရှို့ခံခဲ့ရပြီး ကျေးရွာ ခြောက်ရွာမှ ဒေသခံပြည်သူ ၂၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။