Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါတွင်စစ်​ကောင်စီရဲစခန်းကို​တော်လှန်​ရေးအဖွဲ့များကတိုက်ခိုက်

ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ရဲ ငါးဦးသေဆုံးခဲ့ပြီးပြည်သူ့ကာကွယ်ရေးရဲဘော် ငါးဦး ထိခိုက်ဒါဏ်ရာရခဲ့သည်ဟုသိရသည်။

(စစ်​ကောင်စီတပ် ဗုံးကျဲ​သော​ကြောင့် ရှေးဟောင်း မြသိန်းတန်စေတီနှင့် အနီးအနားရှိသာ့သနိကအ​ဆောက်အအုံများပျက်စီး​နေမှု ။ဓါတ်ပုံ-ABSDF)
(စစ်​ကောင်စီတပ် ဗုံးကျဲ​သော​ကြောင့် ရှေးဟောင်း မြသိန်းတန်စေတီနှင့် အနီးအနားရှိသာ့သနိကအ​ဆောက်အအုံများပျက်စီး​နေမှု ။ဓါတ်ပုံ-ABSDF)

▪︎ရဲ ၅ ဦး​သေဆုံးပြီး စစ်တပ်က​လေကြာင်းမှ ဗုံးကြဲ​သဖြင့်​ရှေး​ဟောင်း​စေတီများပျက်စီး

ဂန့်ဂေါတွင်စစ်ကောင်စီအခြေစိုက်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီရဲငါးဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသတွင်း သမိုင်းဝင်ရှေးဟောင်းစေတီများ ပျက်စီးသွားကြောင်း ဒေသခံများကပြောသည်။

ဂန့်ဂေါမြို့နယ် မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ ရဲ ငါးဦးသေဆုံးခဲ့ပြီးပြည်သူ့ကာကွယ်ရေးရဲဘော် ငါးဦး ထိခိုက်ဒါဏ်ရာရခဲ့သည်ဟုသိရသည်။

“စစ်တပ်က အထိနာတော့ လေကြောင်းကနေ ဗုံးကြဲတာ။ ကျွန်တော်တို့မြို့က ရှေးဟောင်း မြသိန်းတန်စေတီတဝန်းလုံး ကို ဖျက်ဆီးသွားတယ်။ အကုန်ပျက်စီးကုန်တယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်းပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံး ၅လုံး လာရောက်ဗုံးကြဲချခဲသလို ဂန့်ဂေါမြို့ အ​မြောက်တပ်ရင်းမှ အ​မြောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ABSDF အမှတ် (၁၂) တပ်ရင်းက သတင်းထုတ်ပြန်သည်။ မြေပြင်မှလည်း အင်အား ၁၀၀ ခန့်ဖြင့် စစ်ကူလာရောက်သောကြောင့်နံနက် ၉ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲကို ABSDF အမှတ် (၁၂) တပ်ရင်း၊ ဂန့်ဂေါခရိုင် PDF တပ်ရင်း(၁) ၊တပ်ရင်း (၇)၊ တပ်ရင်း (၁၁) ၊ တပ်ရင်း (၁၂) ၊တပ်ရင်း(၁၄) ၊ မင်းဘူးခရိုင် PDF တပ်ရင်း ၊ ဂန့်ဂေါမြို့နယ်ပ.က.ဖ၊ ထီးလင်းမြို့နယ် ပ.က.ဖ တို့ကပူး​ပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် ဂန့်ဂေါမြို့၊ မင်းရွာရှိရှေးဟောင်း မြသိန်းတန်စေတီသည် သီရိဓမ္မာသောကမင်ကြီး တည်ထားခဲ့သည့် ရှေးဟောင်းစေတီတော်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။