Connect with us

Hi, what are you looking for?

သတင်း

မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်ယာဉ် ပစ်ခတ်ခံရပြီး နှစ်ဦးသေဟုဆို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးက ဆိုင်ကယ်ဖြင့်လာပစ်ခတ်သွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း မိုးကောင်းမြို့ထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးလှည့်လည်နေသော ယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးလှည့်လည်နေသော ယာဉ်အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး သေနတ်နှစ်လက်ပါရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

“မိုးကောင်းအထက်တန်းကျောင်းရှေ့မှာ ကားရပ်ထားတာ။လက်နက်အပြည့်အစုံနဲ့ နှစ်ယောက်ရှိနေတာ။ အနီးကပ်ပစ်ပြီး သေနတ်တွေပါ သိမ်းယူခဲ့တယ်”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် မိုးကောင်းမြို့အထက်တန်းကျောင်းရှေ့၌ ဩဂုတ် ၁၉ရက် ညနေက ဖြစ်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးက ဆိုင်ကယ်ဖြင့်လာပစ်ခတ်သွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း မိုးကောင်းမြို့ထွေအုပ်ရုံးမှ ဝန်ထမ်းတစ်ဦးက အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“လူလည်းသေတယ်။ လက်နက်လည်း ပါသွားတယ်။ ရဲတွေရော စစ်တပ်ရော အငိုက်မိသွားတာနေမယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုနောက်ပိုင်း ဖြစ်စဉ်နှင့် မဆိုင်သည့်ဒေသခံလူငယ် လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook