Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ် တကျော့ပြန်စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူထောင်နှင့်ချီ တိမ်းရှောင်နေရ

ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် ဒီပဲယင်းအနောက်ခြမ်းအတွက် ရိက္ခာများ ဆက်လက်ကူညီထောက်ပံ့ပေးနေသည်ဟု သိရသည်။

(ယနေနံနက်ပိုင်းက မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်လာသော ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာနေ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယနေနံနက်ပိုင်းက မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်လာသော ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာနေ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တကျော့ပြန်စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူထောင်နှင့်ချီ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၃၀ ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ယင်းတွေ၊ လက်တီး၊ မဲသည်၊ ဝဘာ၊ သပြေသာ၊ ငြိမ်းချမ်း၊ ကြည်၊ ဘုရားထွက်၊ ပုဂံ၊ နှောပင်၊ အင်တန်း၊ ၊တောကျောင်း၊ ပျံကျ၊ နဘဲလှ၊ ကြခတ် စသော ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“အခုစစ်ကြောင်းက ၂၇ ရက်နေ့က အရှေ့ခြမ်းကနေ ဒီပဲယင်းမြို့ထဲဝင်သွားပြီး အနောက်ခြမ်းကို ဒီနေ့ဆက်ထိုးနေတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကြောင်းသည် ပျံကျနှင့် နှဘဲလှကျေးရွာများဘက်သို့ ဦးတည်နေပြီး ကျေးရွာအတွင်း ဝင်ရောက်မှုမရှိသေးကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဒေသခံပြည်သူများမှာ မိုးရွာနေသည့်ကြားမှ တိမ်းရှောင်နေရခြင်းဖြစ်ပြီး အချို့ကျေးရွာများမှာ လက်နက်ကြီးအန္တရာယ်ကြောင့် တိမ်းရှောင်နေရသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောသည်။

စစ်ရှောင်များအား ချက်ပြုတ်ကျွေးမွေးနေပြီး နိုင်သည့်ပမာဏထက်ပိုများနေ၍ အခက်အခဲများရှိနေကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

“ကမ့်တစ်ခုကို ထောင်ကျော်ဆိုတော့လာကူတဲ့ရိက္ခာကိုပဲ ကျွန်တော်တို့ထောက်ပံ့နိုင်တယ်။လိုအပ်တာ ကမ့်တွေကပဲ အလှူခံချက်ကျွေးကြတယ်။ တချို့မပြေးရတဲ့ရွာတွေကပဲ ဝိုင်းကူကြတယ်”ဟု အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် ဒီပဲယင်းအနောက်ခြမ်းအတွက် ရိက္ခာများ ဆက်လက်ကူညီထောက်ပံ့ပေးနေသည်ဟု သိရသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA)၏ စက်တင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းတွင် ပဋိပက္ခများကြောင့် အရပ်သား ရှစ်သိန်းကျော် ၈၁၃,၂၀၀ ဦးအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook