Connect with us

Hi, what are you looking for?

သတင်း

၂ နှစ်အတွင်း PDF တပ်တွေကိုရိက္ခာနဲ့ အသုံးစာရိတ်အတွက် ဒေါ်လာ ၁၅ သန်းကျော်ထောက်ပံ့ထားတယ်လို့ NUG ဟုအသိ​ပေး

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

၂ နှစ်အတွင်း PDF တပ်တွေကိုရိက္ခာနဲ့ အသုံးစာရိတ်အတွက် ဒေါ်လာ ၁၅ သန်းကျော်ထောက်ပံ့ထားတယ်လို့ NUG ဟုအသိ​ပေး
၂ နှစ်အတွင်း PDF တပ်တွေကိုရိက္ခာနဲ့ အသုံးစာရိတ်အတွက် ဒေါ်လာ ၁၅ သန်းကျော်ထောက်ပံ့ထားတယ်လို့ NUG ဟုအသိ​ပေး

▪︎ဒီ​ထောက်ပံ့မှုဟာရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်ပြီး​တော့ ၊ ရရှိဘဏ္ဍာ​ငွေများမှ အများဆုံးအသုံးပြု​နေတာဟာ လက်နက်တပ်ဆင်ထုတ်လုပ်မှုနဲ့ စစ်ဆင်​ရေးစာရိတ်​တွေဖြစ်တယ်လို့ NUG ထံမှသိရ

၂ နှစ်တာကာလအတွင်း PDF တပ်တွေကို ရိက္ခာနဲ့ အသုံးစာရိတ်ထောက်ပံ့မှု ၁၆ ကြိမ်ရှိရာမှာ ငွေကြေးအားဖြင့် အမေရိကန် ဒေါ်လာ စုစုပေါင်း ၁၅. ၇ သန်းရှိတယ်လို့ NUG အစိုးရက ဒီနေ့မှာထုတ်ပြန်ပါတယ်။

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

ပြည်သူ​တွေရဲ့ ထည့်ဝင်​ထောက်ပံ့မှုနဲ့ ရရှိတဲ့ဘဏ္ဍာ​​ငွေ​တွေထဲမှာ အများဆုံး အသုံးပြုတဲ့ စာရိတ်​ဟာ လက်နက်တပ်ဆင်​ရေး ၊ ထုတ်လုပ်​ရေး ၊စစ်ဆင်​ရေးစာရိတ်​တွေ ဖြစ်တယ် လို့ NUG မှ သိရပါတယ်။

နောက်ဆုံးပေးပို့တဲ့ ၁၆ ကြိမ်မြောက် ထောက်ပံ့စရိတ်ဟာ အမေရိကန် ဒေါ်လာ ၁ သန်းခန့်ရှိတယ်လို့လည်း NUG က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုထောက်ပံ့ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်အနက် ဒေါ်လာ ၁၃ . ၅ သန်းဟာဆိုရင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် အစီအစဉ်ရဲ့ ၂၁ လတာကာလအတွင်း ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေထဲကဖြစ်တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။