Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုတွင် စစ်သင်တန်းသို့သွားရန်ထွက်လာ​သော စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့၏ထောက်တိုင် ပျူစောထီးများနှင့် ဝေးဝေးနေထိုင်သွားလာကြရန် တော်လှန်ရေးအင်အားစုများကသတိ ပေးချက် ထုတ်ပြန်ထားသည်။

(စစ်ကောင်စီခန့် ရာအိမ်မှူအောင်ဝင်းလေးထံမှရရှိသောပစ္စည်းများအား တွေ့ရစဥ်။ဓါတ်ပုံ-Bago Region PDF)
(စစ်ကောင်စီခန့် ရာအိမ်မှူအောင်ဝင်းလေးထံမှရရှိသောပစ္စည်းများအား တွေ့ရစဥ်။ဓါတ်ပုံ-Bago Region PDF)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီကပေးသည့် စစ်သင်တန်းသို့ သွားရောက်ရန် နေအိမ်မှထွက်လာသည့် စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ-၄(မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖို)မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

အောက်တိုဘာ ၂ ရက်နေ့နံနက် ၅ နာရီ ၁၀ မိနစ်ခန့်က အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ကြယ်နီကုန်းရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူး အောင်ဝင်းလေးအား ခမရ(၆) တိမ် မြုပ်တပ်သို့ စစ်သင်တန်းသွားတက်ရန်အ သွား ရွာအထွက်၌ ရှင်းလင်းလိုက်ခြင်းဖြစ်သည်ဟုတပ်ခွဲ-၄(မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖို)က​အောက်တိုဘာ ၄ ရက်တွင်ထုတ်ပြန်သည်။

“ပျူခေါင်းဆောင် ရာအိမ်မှူးအောင်ဝင်းလေးကို သူနေတဲ့ ထန်းပင်ကုန်းအုပ်စု ကြယ်နီကုန်းရွာအထွက်မှာ ခမရ(၆)တိမ်မြုပ်ဘက်ကိုသွားတဲ့လမ်းပေါ့၊ တိမ်မြုပ်ဘက်တောင်နီးပါသေးတယ်။ အဲဒီမှာစောင့်ပြီး ကျနော်တို့ ရှင်းပစ်တာ။ ၉ ချက်ပစ်လိုက်ရတယ်။ သူက စစ်သင် တန်းကို သွားတာပေါ့။ သတိပေးထားတာ နှစ်ကြိမ်သုံးကြိမ်မကတော့ဘူး။ ဖုန်းနဲ့ရော၊ လူကိုယ်တိုင်ရော ရပ်တန်းကရပ်ဖို့”ဟု တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီထောက်တိုင် ရာအိမ်မှုးအောင်ဝင်းလေးသည် နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၎င်းထံမှ စစ်ကောင်စီတပ်ဖွဲ့များနှင့် အဆက်အသွယ် လုပ်ထားသည့် မိုလ်ဘိုင်းဖုန်းတစ်လုံး၊ တော်လှန် ရေးရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည့် မှတ်စုစာအုပ်တစ်အုပ်၊ ငွေသား ၃၁,၁၅၀ ကျပ်၊ မှတ်ပုံတင်နှင့် COVID -19 ကင်းရှင်းကြောင်း ထောက်ခံချက် ကပ်ပြားတစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ၎င်းကို တပ်ဆင်ပေးထားသောသေနတ်နှင့် လက်ပစ်ဗုံးမှာ ပစ်ခတ်မှုဖြစ်ပွားရာသို့ ပါလာခြင်းမရှိသောကြောင့် သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ဟု အသိပေးသည်။

၎င်းရာအိမ်မှူးအောင်ဝင်းလေးသည် စစ်ကောင်စီ၏ အမာခံထောက်တိုင် ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်တပ်အတွက် လူအင်အားစုဆောင်းပေး၍ ခမရ(၆) တိမ် မြုပ်တပ်၌ စစ်သင်တန်းပေးခြင်း၊ တော်လှန် ရေးစခန်း နေရာများကို သတင်းပေးခြင်းနှင့် လိုက်လံပြသခြင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းများကို ထောက်လှမ်းပေးပို့ခြင်း၊ ဒေသခံပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေခြင်းတို့ကြောင့် ယခုကဲ့သို့ ပစ်ခတ်အ ရေးယူခဲ့ခြင်းဖြစ်ကြောင်း တပ်ခွဲ-၄ က ဆို သည်။

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ၎င်းတို့၏ထောက်တိုင် ပျူစောထီးများနှင့် ဝေးဝေးနေထိုင်သွားလာကြရန် တော်လှန်ရေးအင်အားစုများကသတိ ပေးချက် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်ကလည်း ထန်းပင်ကုန်းကျေးရွာတွင် တာဝန်ကျသည့် တောခေါင်းအုန်းလှိုင်ဆိုသူကို ထန်းပင်ကုန်းဗျူဟာလမ်းဘေးတွင်​သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။