Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခံရသည့်နေအိမ် ၃၀ကျော်အားPDFများ ဆန်အိတ်ထောက်ပံ့

အောက်တိုဘာ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်သည် ရေစကြိုရေလယ် ကျွန်းဒေသသို့ စစ်ကြောင်းထိုး ဖျက်ဆီးခဲ့သည်။

(မီးရှို့ခံရသည့်နေအိမ်များအား ဆန်အိတ်များ သွားရောက်လှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-MBT)
(မီးရှို့ခံရသည့်နေအိမ်များအား ဆန်အိတ်များ သွားရောက်လှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-MBT)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် နေအိမ် ၃၀ကျော်အား ဆန်အိတ်များထောက်ပံ့ပေးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

အောက်တိုဘာ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်သည် ရေစကြိုရေလယ် ကျွန်းဒေသသို့ စစ်ကြောင်းထိုး ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်ကြောင်းက ​နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကူနီရွာမှ ၇လုံး၊ ကျွန်းကလေးရွာမှ ၂လုံး၊ လှေခုတ်ရွာမှ ၄လုံး၊ ကျွန်းညိုရွာမှ ၃လုံး၊ နွယ်နီရွာမှ ၂ လုံး၊ နံဘေးရွာမှ ၃ လုံး၊ မြောက်ရွာမှ ၁၃လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့က ပြောသည်။

မီးရှို့ခံရသည့် နေအိမ်များအား Front Line Voice နှင့် ပြည်သူလူထု၏ ထောက်ပံ့ငွေဖြင့် ကူညီပံ့ပိုးပေးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

“တစ်အိမ်ကို ဆန်အိတ်တစ်အိတ်နှူန်း လှူဒါန်းပေးခဲ့တာပါ”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

ယင်းစစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေလယ်ကျွန်းဒေသရှိ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ

သတင်း

ပဲခူးတိုင်း၊​ရေတာရှည်မြို့နယ်၊ဆွာမြို့ ၊ စစ်​တောင်းမြစ်အ​ရှေ့ဘက်ခြမ်းမှ အဓိကစခန်းဖြစ်တဲ့ ဆွာမကြီးစစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရာစစ်တပ်က ဗိုလ်မှူးအဆင့်အရာရှိ အပါအဝင် ၂၀ ဦးကျော်ဆေသုံး လက်နက်ခဲယမ်းတွေသိမ်းရခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကာလာအိုကေဆိုင်(KTV)က ပြန်လာတဲ့ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က အကျဉ်းဦးစီးအရာရှိနဲ့ ထောင်တန်းစီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း(၅)က ဒီကနေ့ ဇွန်လ ၅ရက်မှာ ထုတ်ပြန်ပါတယ်။