Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခံရသည့်နေအိမ် ၃၀ကျော်အားPDFများ ဆန်အိတ်ထောက်ပံ့

အောက်တိုဘာ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်သည် ရေစကြိုရေလယ် ကျွန်းဒေသသို့ စစ်ကြောင်းထိုး ဖျက်ဆီးခဲ့သည်။

(မီးရှို့ခံရသည့်နေအိမ်များအား ဆန်အိတ်များ သွားရောက်လှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-MBT)
(မီးရှို့ခံရသည့်နေအိမ်များအား ဆန်အိတ်များ သွားရောက်လှူဒါန်းပေးနေစဥ်။ ဓာတ်ပုံ-MBT)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသည့် နေအိမ် ၃၀ကျော်အား ဆန်အိတ်များထောက်ပံ့ပေးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

အောက်တိုဘာ ဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်သည် ရေစကြိုရေလယ် ကျွန်းဒေသသို့ စစ်ကြောင်းထိုး ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်ကြောင်းက ​နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကူနီရွာမှ ၇လုံး၊ ကျွန်းကလေးရွာမှ ၂လုံး၊ လှေခုတ်ရွာမှ ၄လုံး၊ ကျွန်းညိုရွာမှ ၃လုံး၊ နွယ်နီရွာမှ ၂ လုံး၊ နံဘေးရွာမှ ၃ လုံး၊ မြောက်ရွာမှ ၁၃လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့က ပြောသည်။

မီးရှို့ခံရသည့် နေအိမ်များအား Front Line Voice နှင့် ပြည်သူလူထု၏ ထောက်ပံ့ငွေဖြင့် ကူညီပံ့ပိုးပေးခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

“တစ်အိမ်ကို ဆန်အိတ်တစ်အိတ်နှူန်း လှူဒါန်းပေးခဲ့တာပါ”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

ယင်းစစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေလယ်ကျွန်းဒေသရှိ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။