Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်တွင် PDFအဖွဲ့တစ်ဖွဲ့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းခံရ

အောက်တိုဘာ ၂၁ ရက် ညက ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ကွန်ဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-NTG)
(စစ်ကောင်စီတပ်အား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေစဥ်။ ဓာတ်ပုံ-NTG)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိ​ပ်ကျေးရွာတွင် ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းခံရပြီး အဆိုပါ စစ်ကောင်စီတပ်အား ဒေသတွင်း PDF ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၁ ရက် ညက ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်က ကွန်ဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ကွန်ဆိပ်ကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်း၊ တိုက်မိုင်းများထိပြီးနောက် ကျေးရွာ စာသင်ကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

စာသင်ကျောင်းအား မီးရှို့ချိန်တွင် Shar Htoo Wawနည်းပညာသုံး မောင်းသူမဲ့လေယာဉ်ငယ် ဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း Northern Tigers Group၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာအတွင်းရှိ PDFတစ်ဖွဲ့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းသွားကြောင်း ဒေသခံအချို့က ပြောသည်။

ညပိုင်းတွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ၍ PDFများက မောင်းသူမဲ့လေယာဥ်ဖြင့် ဗုံးသီး နှစ်လုံးချထပ်မံတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

“စာသင်ကျောင်းဆောင်သုံးဆောင်ကိုလည်း မီးရှို့သွားတယ်။ ခုက ရွှေဘိုပြန်ဝင်သွားပြီ။ အင်အား ၁၅၀ နဲ့ ၂၀၀ ဝန်းကျင်ရှိပါမယ်။”ဟု Northern Tigers Group၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းတိုက်ခိုက်မှုကို Northern Tigers Groupနှင့် ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ 96 Soldier တပ်ခွဲ TTA people defense force(SBO)၊ Black Eagle local PDF၊ Saviour Revolution Force၊ Farmer Heros (Khin U)နှင့်အတူ ဒေသခံကာကွယ် ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာဒုတိယပတ်အတွင်းကလည်း ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် ရွှေဘိုနယ်တောင်ခြမ်းရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ပစ်ခတ်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ