ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၄ရက် ညနေ ၆ နာရီ ၄၀မိနစ်ခန့်က သစ်ပုတ်တာဝါတိုင်စခန်းမှတဆင့် အင်အား ၂၄ဦးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို စမ်းမအိုင်ကျေးရွာအရောက်တွင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃) တပ်ခွဲမှူးလင်းယုန်ဦးဆောင်၍ တပ်ခွဲအားလုံးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနေ့မှ သစ်ပုတ်တာဝါတိုင်ကို ပြန်ဆုတ်သွားတယ်။ အခုနလေးမှ ဝင်သွားတယ်။ တစ်ယောက်သေ၊ နှစ်ယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်”ဟု ၎င်းက People’s Spring သို့ ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်ကလေးများဖြင့် ပြန်လည်ခုခံ တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ ရဲဘော်အားလုံး အထိခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)က အသိပေးထားသည်။

Public Service Announcement
အောက်တိုဘာ ၆ရက်ကလည်း သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင်တပ်ရင်း(၃၆၀၁)မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေပြီး ငါးဦးထိခိုက်ဒဏ်ရာရသွားသည်။
