Connect with us

Hi, what are you looking for?

သတင်း

ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

အောက်တိုဘာ ၆ရက်ကလည်း သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင်တပ်ရင်း(၃၆၀၁)မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေပြီး ငါးဦးထိခိုက်ဒဏ်ရာရသွားသည်။

(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၄ရက် ညနေ ၆ နာရီ ၄၀မိနစ်ခန့်က သစ်ပုတ်တာဝါတိုင်စခန်းမှတဆင့် အင်အား ၂၄ဦးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို စမ်းမအိုင်ကျေးရွာအရောက်တွင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၃) တပ်ခွဲမှူးလင်းယုန်ဦးဆောင်၍ တပ်ခွဲအားလုံးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း တပ်ရင်း (၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့မှ သစ်ပုတ်တာဝါတိုင်ကို ပြန်ဆုတ်သွားတယ်။ အခုနလေးမှ ဝင်သွားတယ်။ တစ်ယောက်သေ၊ နှစ်ယောက်ထိခိုက်ဒဏ်ရာရသွားပါတယ်”ဟု ၎င်းက People’s Spring သို့ ယနေ့မွန်းလွဲပိုင်းတွင် ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်ကလေးများဖြင့် ပြန်လည်ခုခံ တိုက်ခိုက်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲမှ ရဲဘော်အားလုံး အထိခိုက်အန္တရာယ်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)က အသိပေးထားသည်။

အောက်တိုဘာ ၆ရက်ကလည်း သစ်ပုတ်တာဝါတိုင်စခန်းမှ ပဲခူးရိုးမသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပြည်ခရိုင်တပ်ရင်း(၃၆၀၁)မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေပြီး ငါးဦးထိခိုက်ဒဏ်ရာရသွားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။