Connect with us

Hi, what are you looking for?

သတင်း

ရေဖြူနယ် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရသွားပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေဖြူနယ် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ရေဖြူနယ် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

▪️ထိခိုက်သေဆုံးများဟုဆို

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိကျေးရွာများအား စစ်ကြောင်းထိုးပြန်လာသော စစ်ကောင်စီတပ်ယာဥ်နှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နဘုလယ်ဒေသရှိ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ယာဥ်နှစ်စီးကို အောက်တိုဘာ ၂၆ ရက် ည ၉ နာရီခွဲတွင် ရန်ကင်းကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရသွားပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(ထိခိုက်သေဆုံးစာရင်း)မျက်မြင်အတည်ပြုနိုင်တာလည်းရှိတယ်။ မြေပြင်အချက်အ လက်အရ အတည်ပြုရတာလည်းရှိပါတယ်”ဟု ၎င်းက ဆိုသည်။ သို့သော် ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ် ရင်း(၁)နှင့်အတူ ရေဖြူ(ပကဖ)အဖွဲ့ဝင်များဖြစ်သော ဇင်ယော်တပ်ဖွဲ့၊ ဝေဟင်တပ်ဖွဲ့၊ န ဂါးနီပြောက်ကျား တပ်ဖွဲ့နှင့် DDT တပ်ခွဲ (၃)တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်ကလည်း ရေဖြူနယ်၊ ရန်ကင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ထားဝယ်ခရိုင် တပ်ရင်း(၁) နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများက တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်ကောင်စီတပ်များသည် ထားဝယ်အထူးစီးပွားရေးဇုန်အနီးဝန်းကျင်ကျေးရွာများနှင့် နဘုလယ် ဒေသရှိကျေးရွာများသို့ အောက်တိုဘာ တတိယပတ်အတွင်း စတင်စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံပြည်သူများ​၏ နေအိမ် ၁၀လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရဲစခန်း နှစ်ခုကို မွန်ပြည်သစ်ပါတီ -စစ်အာဏာရှင်တိုက် ဖျက်ရေး(NMSP-AD)တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့သည်ဟု NMSP-ADက ယနေ့(ဇန်နဝါရီ ၁၃ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံအနီးကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၃ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။