Connect with us

Hi, what are you looking for?

သတင်း

ရေဖြူနယ် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရသွားပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေဖြူနယ် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ရေဖြူနယ် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

▪️ထိခိုက်သေဆုံးများဟုဆို

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသရှိကျေးရွာများအား စစ်ကြောင်းထိုးပြန်လာသော စစ်ကောင်စီတပ်ယာဥ်နှစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နဘုလယ်ဒေသရှိ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ယာဥ်နှစ်စီးကို အောက်တိုဘာ ၂၆ ရက် ည ၉ နာရီခွဲတွင် ရန်ကင်းကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရသွားပြီး တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု ထားဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“(ထိခိုက်သေဆုံးစာရင်း)မျက်မြင်အတည်ပြုနိုင်တာလည်းရှိတယ်။ မြေပြင်အချက်အ လက်အရ အတည်ပြုရတာလည်းရှိပါတယ်”ဟု ၎င်းက ဆိုသည်။ သို့သော် ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင် တပ် ရင်း(၁)နှင့်အတူ ရေဖြူ(ပကဖ)အဖွဲ့ဝင်များဖြစ်သော ဇင်ယော်တပ်ဖွဲ့၊ ဝေဟင်တပ်ဖွဲ့၊ န ဂါးနီပြောက်ကျား တပ်ဖွဲ့နှင့် DDT တပ်ခွဲ (၃)တို့ ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်ကလည်း ရေဖြူနယ်၊ ရန်ကင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ထားဝယ်ခရိုင် တပ်ရင်း(၁) နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများက တစ်ရက်တည်းနှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်ကောင်စီတပ်များသည် ထားဝယ်အထူးစီးပွားရေးဇုန်အနီးဝန်းကျင်ကျေးရွာများနှင့် နဘုလယ် ဒေသရှိကျေးရွာများသို့ အောက်တိုဘာ တတိယပတ်အတွင်း စတင်စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံပြည်သူများ​၏ နေအိမ် ၁၀လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook