Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင် အဝင်အထွက်ကို စစ်ကောင်စီတပ် လုံခြုံရေးအပြည့်ချထား

နောင်ချိုဘက်ကနေ ပြင်ဦးလွင်ဆီ ဝင်ပေါက် ဝက်ဝံဂိတ် ၊ ပြည်ချစ်ဘုရား အနီး စစ်ဆေးရေးဂိတ် အပြင် မန္တလေး ဘက်က ပြင်ဦးလွင်အတက်လမ်းက ဂိတ်တွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။

ပြင်ဦးလွင် အဝင်အထွက်ကို စစ်ကောင်စီတပ် လုံခြုံရေးအပြည့်ချထား
ပြင်ဦးလွင် အဝင်အထွက်ကို စစ်ကောင်စီတပ် လုံခြုံရေးအပြည့်ချထား

ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး နောင်ချိုမြို့နယ်အတွင်းထိ ရောက်လာချိန်မှာ စစ်တပ်မြို့ ပြင်ဦးလွင် ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေမှာ စစ်ကောင်စီတပ်က ၂၄ နာရီ လုံခြုံရေးချပြီး တပ်ဖြန့်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နောင်ချိုဘက်ကနေ ပြင်ဦးလွင်ဆီ ဝင်ပေါက် ဝက်ဝံဂိတ် ၊ ပြည်ချစ်ဘုရား အနီး စစ်ဆေးရေးဂိတ် အပြင် မန္တလေး ဘက်က ပြင်ဦးလွင်အတက်လမ်းက ဂိတ်တွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။

“မြို့ပေါ်အနေအထားကတော့ လုံးဝအေးဆေးသွားလာလိုရတယ်၊ မြို့အပြင်ဘက်မှာပဲ တပ်ဖြန့်ပြီးအသင့်လုံခြုံရေးယူထားတာ”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ ပြင်ဦးလွင်ကနေ မိနစ် ၂၀ခန့်သာဝေးတဲ့ ဝက်ဝံဂိတ် အထိပဲ လုံခြုံရေး ယူနိုင်တော့တာ တွေ့ရတယ်လို့နောင်ချိုကနေ ပြန်လာတဲ့ ခရီးသွားတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ တနင်္ဂနွေ့နေ့ မနက်ပိုင်းအထိ နောင်ချိုမြို့နယ်ဧရိယာထဲမှာ တိုက်ပွဲတွေဖြစ်ထားပါတယ်။

နောင်ချိုမြို့ကနေ ၃ မိုင်ခန့် သာသာမှာရှိတဲ့ ကျောက်ကြမ်းရွာ စစ်ကောင်စီ စခန်းကို တအောင်းတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေး အဖြစ် တိုက်ခိုက်တာလို့ TNLA က ထုတ်ပြန်ထားပါတယ်။

နောင်ချိုကနေ စစ်တပ်မြို့ ပြင်ဦးလွင်နဲ့ ၂ နာရီခန့်သာသွားရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ ညီနောင်သုံးဖွဲ့ဟာ နောင်ချိုက စစ်ကောင်စီ စခန်းတွေကိုတိုက်ပြီး ပြင်ဦးလွင် တိုးဂိတ်နဲ့ DSTA စစ်ဘက်နည်းပညာတက္ကသိုလ်တို့ကိုဝင်ရောက် တိုက်ခိုက်ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်