Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင် အဝင်အထွက်ကို စစ်ကောင်စီတပ် လုံခြုံရေးအပြည့်ချထား

နောင်ချိုဘက်ကနေ ပြင်ဦးလွင်ဆီ ဝင်ပေါက် ဝက်ဝံဂိတ် ၊ ပြည်ချစ်ဘုရား အနီး စစ်ဆေးရေးဂိတ် အပြင် မန္တလေး ဘက်က ပြင်ဦးလွင်အတက်လမ်းက ဂိတ်တွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။

ပြင်ဦးလွင် အဝင်အထွက်ကို စစ်ကောင်စီတပ် လုံခြုံရေးအပြည့်ချထား
ပြင်ဦးလွင် အဝင်အထွက်ကို စစ်ကောင်စီတပ် လုံခြုံရေးအပြည့်ချထား

ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး နောင်ချိုမြို့နယ်အတွင်းထိ ရောက်လာချိန်မှာ စစ်တပ်မြို့ ပြင်ဦးလွင် ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေမှာ စစ်ကောင်စီတပ်က ၂၄ နာရီ လုံခြုံရေးချပြီး တပ်ဖြန့်ထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

နောင်ချိုဘက်ကနေ ပြင်ဦးလွင်ဆီ ဝင်ပေါက် ဝက်ဝံဂိတ် ၊ ပြည်ချစ်ဘုရား အနီး စစ်ဆေးရေးဂိတ် အပြင် မန္တလေး ဘက်က ပြင်ဦးလွင်အတက်လမ်းက ဂိတ်တွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။

“မြို့ပေါ်အနေအထားကတော့ လုံးဝအေးဆေးသွားလာလိုရတယ်၊ မြို့အပြင်ဘက်မှာပဲ တပ်ဖြန့်ပြီးအသင့်လုံခြုံရေးယူထားတာ”လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ ပြင်ဦးလွင်ကနေ မိနစ် ၂၀ခန့်သာဝေးတဲ့ ဝက်ဝံဂိတ် အထိပဲ လုံခြုံရေး ယူနိုင်တော့တာ တွေ့ရတယ်လို့နောင်ချိုကနေ ပြန်လာတဲ့ ခရီးသွားတစ်ဦးကပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ တနင်္ဂနွေ့နေ့ မနက်ပိုင်းအထိ နောင်ချိုမြို့နယ်ဧရိယာထဲမှာ တိုက်ပွဲတွေဖြစ်ထားပါတယ်။

နောင်ချိုမြို့ကနေ ၃ မိုင်ခန့် သာသာမှာရှိတဲ့ ကျောက်ကြမ်းရွာ စစ်ကောင်စီ စခန်းကို တအောင်းတပ်မတော် (TNLA) နဲ့ မန္တလေး PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေး အဖြစ် တိုက်ခိုက်တာလို့ TNLA က ထုတ်ပြန်ထားပါတယ်။

နောင်ချိုကနေ စစ်တပ်မြို့ ပြင်ဦးလွင်နဲ့ ၂ နာရီခန့်သာသွားရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာတော့ ညီနောင်သုံးဖွဲ့ဟာ နောင်ချိုက စစ်ကောင်စီ စခန်းတွေကိုတိုက်ပြီး ပြင်ဦးလွင် တိုးဂိတ်နဲ့ DSTA စစ်ဘက်နည်းပညာတက္ကသိုလ်တို့ကိုဝင်ရောက် တိုက်ခိုက်ဖူးပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။