Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ

အောက်တိုဘာ ၂၃ ရက်ကလည်း ငါးဇွန်မြို့နယ်တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စိတပ်က ဒေသခံပြည်သူနှစ်ဦးဖမ်းဆီး သတ်ဖြတ်သွားကြောင်း မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်းက ထုတ်ပြန်ထားသည်။

ငါန်းဇွန်တွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ
ငါန်းဇွန်တွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးကြိမ်တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်အား တစ်ရက်တည်း သုံးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်အတွင်း ထိခိုက်သေဆုံးမှုများရှိကြောင်း ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာမှ ရေဆင်းကျေးရွာဘက်သို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ယမန်နေ့(အောက်တိုဘာ ၃၁ရက်) သတင်း ထုတ်ပြန်သည်။

ထို့နောက် နံနက် ၉ နာရီခွဲခန့်တွင်လည်း ခေါင်းဘိုကျေးရွာမှ ထွက်လာသည့် စစ်ကြောင်းကိုပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်(ပကဖ)ကဆိုသည်။

ထိုဖြစ်စဥ်၌ စစ်သား ၆ ဦးသေဆုံးပြီး ၁ ဦးလက်မောင်းဒဏ်ရာရရှိခဲ့ကြောင်း ငါန်းဇွန်ပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် လက်ပံသာကျေးရွာသို့ထွက်လာသည့် စစ်ကြောင်းကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“စစ်ကြောင်းက နှစ်ကြောင်းပါ။အင်အားက ၅၀စီလောက်ပဲ။အခုတော့ သားကျင်နဲ့နတ်ကြီးဘက်မှာ ပြန်အထိုင်ချထားတယ်။”ဟု ငါန်းဇွန်(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

ထိုစစ်ဆင်ရေးများကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ငါန်းဇွန် ပ.က.ဖ )၊ T.G.R people defence force မြောင်မြို့နယ် T.G.Rပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Eagle Defence Force – MMU၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂၊ မြင်းခြံခရိုင်တပ်ရင်း ၇ တပ်ခွဲ ၁ ငါန်းဇွန် မီးနဂါး ပျောက်ကျားအဖွဲ့၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော 925 ပျောက်ကျားအဖွဲ့၊

TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့၊ ရွှေဂျိုးဖြူ ပျောက်ကျားအဖွဲ့၊ ငန်းနက်ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အောက်တိုဘာ ၂၃ ရက်ကလည်း ငါးဇွန်မြို့နယ်တစ်နေရာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စိတပ်က ဒေသခံပြည်သူနှစ်ဦးဖမ်းဆီး သတ်ဖြတ်သွားကြောင်း မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။