Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ပစ်သတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

နတ်တလင်းမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ပစ်သတ်ခံရပြီး သေဆုံး
နတ်တလင်းမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ပစ်သတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်ဟုဆိုသူတစ်ဦးကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF)က ယနေ့(နိုဝင်ဘာ ၁)ထုတ်ပြန်သည်။

ပေါင်းတည်မြို့နယ်နှင့် ထိစပ်နေသော ထိပ်ပိတ်‌ကျေးရွာမှ စစ်ကောင်စီထောက်တိုင် ပျူစောထီးခေါင်းဆောင် ချစ်ကိုဆိုသူအား ဗူးကြီးကျေးရွာနှင့် ထိပ်ပိတ်ကျေးရွာကြားတွင် ယမန်နေ့ (အောက်တိုဘာ ၃၁)ညနေ ၅ နာရီခွဲတွင် ပြည်ခရိုင် တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ ၄(ပြည်တော်ဝင်မြို့ပြ‌ပြောက်ကျားအဖွဲ့)က သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

“(သိမ်းဆည်းရရှိပစ္စည်း)မရှိဘူး။ အဝင်အထွက်လမ်းက တစ်လမ်းထဲ ရှင်းပြီးပြန်လှည့်ရတာ။ စကစတွေခိုင်းတဲ့နေရာက ဆိုင်ကယ်နဲ့ပြန်လာတာ”ဟု ပျူခေါင်းဆောင်ဆိုသူအား ရှင်းလင်းသည့်စစ်ရေးလှုပ်ရှားမှုကို ပြည်ခရိုင်တပ်ရင်း(၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

ပျူစောထီးခေါင်းဆောင် ချစ်ကိုဆိုသူသည် ကျေးရွာအုပ်စုအတွင်း တော်လှန်ရေးရဲ‌ဘော်များနှင့် မိသားစုများ နေထိုင်၍မရအောင် လုပ်ဆောင်ခြင်း၊ ပေါင်းတည်မြို့အဝင်၊ ထွက်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်အတူ လုံခြုံရေးယူခြင်း၊ အများပြည်သူများ ဆိုင်ကယ်များကို ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် လိုက်ပါဆောင်ရွက်ခြင်း၊ စစ်ကောင်စီအား ငွေအားလူအားဖြင့် ပံ့ပိုးကူညီခြင်းများကို လုပ်ဆောင်နေသဖြင့် စိစစ်အတည်ပြု၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ပျူခေါင်းဆောင်ချစ်ကို၏ အပေါင်းအပါ တပည့်ပျူစောထီးများနှင့် ပေါင်းတည်မြို့နယ်မှ ပျူစောထီးသင်တန်းဆင်း စာရင်းများကိုလည်း တိတိကျကျရရှိထားပြီဟု တပ်ရင်း(၃၆၀၁)က ထုတ်ပြန်သည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းကာ အလင်းဝင်ရောက်ကြရန် သတိပေးတိုက်တွန်းထားပြီး အကယ်၍ အလင်းဝင်ရောက်ခြင်းမရှိဘဲ စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသား ရှင်းလင်းသွားမည်ဟု သတိပေးထားသည်။

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား ပစ်ခတ်အရေးယူလျှက်ရှိရာ အောက်တိုဘာ ၂၉ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စုမှ ပျူစောထီးအဖွဲ့ဝင် ကျော်သူနှင့် အတူးဆိုသူနှစ်ဦးကို ဘော်ဘင်ဆည်အနီး၌ ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး(ပြည်သူ့စစ်)တွေဟာ လက်နက်ကိုင် သောင်းကျန်းနေကြောင်း ၎င်းတို့ကို မွေးထုတ်ပေးနေတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်​တော်ကိုယ်တိုင် ဝန်​ခံလိုက်ပါတယ်။