Connect with us

Hi, what are you looking for?

သတင်း

မြို့သုံးမြို့ လက်လွှတ်လိုက်ရတယ်လို့စစ်ကောင်စီဝန်ခံ

ချင်းရွှေဟော် ၊ဖောင်းဆိုင်နဲ့ ကြူကုတ်တို့ကို လက်လွှတ်လိုက်ရပေမယ့် အခြားသောမြို့တွေကို ညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းကိုတော့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။

မြို့သုံးမြို့ လက်လွှတ်လိုက်ရတယ်လို့စစ်ကောင်စီဝန်ခံ
မြို့သုံးမြို့ လက်လွှတ်လိုက်ရတယ်လို့စစ်ကောင်စီဝန်ခံ

ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော် ၊ ဖောင်းဆိုင်နဲ့ ကြူကုတ်မြို့တွေကို လက်လွှတ်လိုက်ရတယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူက ဝန်ခံလိုက်ပါတယ်။

ဒါဟာ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်က လက်လွှတ်ရတဲ့ဒေသတွေ ကို စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် ထုတ်ပြောလာတာပါ။

“ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲဖြစ်စဉ်များ” ဆိုပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက် ရုပ်သံဖိုင်ကို စစ်ကောင်စီအာaဘာ်တွေဖြန့်ဝေပေးနေတဲ့ တယ်လီဂရမ်တွေမှာ ဒီနေ့မနက်ပိုင်းက စတင်ဖော်ပြလာတာပါ။

ချင်းရွှေဟော် ၊ဖောင်းဆိုင်နဲ့ ကြူကုတ်တို့ကို လက်လွှတ်လိုက်ရပေမယ့် အခြားသောမြို့တွေကို ညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားတယ်ဆိုတဲ့သတင်းကိုတော့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလက်လွှတ်လိုက်ရတဲ့ မြို့တွေဟာ တရုတ် − မြန်မာ နယ်စပ်အနီးက မြို့တွေဖြစ်ပါတယ်။

ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA၊ တအာင်းတပ် TNLA တို့ဟာ အောက်တိုဘာလ ၂၇ ရက်ကစတင်ပြီး ရှမ်းမြောက်က စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ် စခန်းတွေကို တိုက်ခိုက်သိမ်းယူနေတာပါ။

၁၀လပိုင်းအောက်တိုဘာလ ၂၇ ရက်ကို ရည်ညွှန်းတဲ့ ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးကနေ တရုတ်နယ်စပ် ကိုးကန့်ဒေသအထိ စစ်နယ်ဝန်းကျယ်ပြန့်ပါတယ်။

ဒါအပြင် ၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်နဲ့ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်တွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေရှိရာ ပြင်ဦးလွင်မြို့အနီးနောင်ချို့ မြို့နယ်ထဲမှာပါ တိုက်ခိုက်မှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook