Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းရှိ ဒေသအချို့တွင် KIA၊ AAနှင့် PDF ပူးပေါင်းတပ်များ တပြိုင်တည်း စစ်မျက်နှာဖွင့်တိုက်ခိုက်နေပြီဟု စစ်ရေးသတင်းရင်းမြစ်ပြော

ညီနောင်သုံးဖွဲ့က အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ကို ရှမ်းမြောက်နေရာအများအပြား၌ ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိပြီး မြို့​လေးမြို့ ၊ စစ်စခန်း ၁၀၀ ခန့်နီးပါးကို လက်လွှတ်ဆုံးရှုံးထားရသည်။

(PDF ၊KIA ၊ AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Getty Images၊AA)
KAYAH STATE KARENNI, MYANMAR - 2023/01/28: A badge of a People's Defence Force (PDF) group. The People's Defence Force (PDF) is the armed wing of the National Unity Government (NUG). The PDF was formed in May 2021 by the NUG from youths and pro-democracy activists in response to the military coup d'?tat that occurred on 1 February 2021.a Demoso. (Photo by Thierry Falise/LightRocket via Getty Images)

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို စစ်မျက်နှာဖွင့်တိုက်ခိုက်သည့် စစ်ရေးဆောင်ရွက်ချက်ကို စစ်ကိုင်းတိုင်းအတွင်း နေရာအချို့၌ ဆောင်ရွက်နေပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့မနက်တွင် ပြောကြားသည်။

စစ်ကိုင်းတိုင်း ကန့်ကလူ၊ ချပ်သင်း၊ ကောလင်း၊ အရာတော် နေရာများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။

(PDF ၊KIA ၊ AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Getty Images၊AA)
(PDF ၊KIA ၊ AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Getty Images၊AA)

“KIA၊ AAနဲ့ ကောလင်း PDF ပူးပေါင်းအဖွဲ့များက တပြိုင်တည်း တော်လှန်ရေးစစ်မျက်နှာဖွင့် ဝင်ရောက်တိုက်ခိုက်နေတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ရေးဆောင်ရွက်ချက် အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ခါမ်းပါတ်မြို့တွင်လည်းတာ်လှန်​ရေးအဖွဲ့များကစစ်​ကောင်စီတပ်စခန်းများကို တိုက်ခိုက်​နေသည်။ စစ်ကိုင်းတိုင်းရှိ​နေရာ အများစုတွင်ယခုရက်ပိုင်း စစ်​ကောင်စီတပ်ကို ပိုမိုတိုက်ခိုက်ပြီး စစ်ရှိနိမြှင့်လာ​ကြောင်း​တော်လှန်​ရေးအဖွဲ့များက​ပြောသည်။

(PDF ၊KIA ၊ AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Getty Images၊AA)
(PDF ၊KIA ၊ AA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-Getty Images၊AA)

တစ်ဖက်တွင်လည်း စစ်ကောင်စီက ၎င်းတို့ အဖွဲ့အတွင်း ယမန်နေ့ နိုဝင်ဘာ ၂ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် KIA နှင့် မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့အား တန်ပြန်ချေမှုန်းမှု ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။သို့​သော် အာဏာသိမ်း​ခေါင်း​ဆောင်က​တော်လှန်​ရေးအဖွဲ့များကို ​ချေမှုန်းမည်ဟု ​ပြော​နေသည်မှာ ယခုမှမဟုတ်ဘဲ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း မကြာခဏ​ပြော​နေခြင်းဖြစ်သည်။

ညီနောင်သုံးဖွဲ့က အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ကို ရှမ်းမြောက်နေရာအများအပြား၌ ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိပြီး မြို့​လေးမြို့ ၊ စစ်စခန်း ၁၀၀ ခန့်နီးပါးကို လက်လွှတ်ဆုံးရှုံးထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။