Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့​ပေါ် သုံးရက်​မြောက်တိုက်ပွဲဆက်ဖြစ်

ကောလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို​တော်လှန်​ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်နံနက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ (နိုဝင်ဘာလ ၅ရက်)သည် မြို့ပေါ်တိုက်ပွဲ သုံးရက်မြောက်​နေ့ဖြစ်သည်။

(​ကောလင်းမြို့ နှင့်အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)
(​ကောလင်းမြို့ နှင့်အနီးဝန်းကျင်ကို Google Map တွင်​တွေ့ရမှု)

ကောလင်းမြို့တွင်း စစ်ကောင်စီတပ်ခုခံတပ်စွဲထားသည့် နေရာနှစ်ခုကို ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က အရပ်သားများကို အကာအကွယ်ယူ၍ မြို့ပေါ်ရပ်ကွက်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေဆဲဖြစ်သည်။

ကောလင်းမြို့ပေါ်မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို​တော်လှန်​ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၃ရက်နံနက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ (နိုဝင်ဘာလ ၅ရက်)သည် မြို့ပေါ်တိုက်ပွဲ သုံးရက်မြောက်​နေ့ဖြစ်သည်။

ယနေ့ နံနက်ပိုင်းမြို့ပေါ်အခြေနေကို ဒေသခံတစ်ဦးက”စစ်တပ်က ကျောင်းကြီး( အထကကျောင်း)နဲ့ မြို့ပေါ်က အထက်မြင့်တိုက်တစ်ခုကနေ ခုခံနေပါတယ်။ အရပ်သားတွေကို အပြင်အထွက်မခံဘဲ ထွက်တာနဲ့ ပစ်ပါတယ်။ ကာကွယ်ရေးအဖွဲ့တွေက အဲ့နှစ်နေရာကို ရအောင်တိုက်နေပါတယ်။ ဒီမနက်လည်း လေကြောင်းကနေ လာနေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့် လူနေအိမ်ပျက်စီးမှုများနှင့် အရပ်သားသေဆုံးမှုအချို့ရှိနေသော်လည်း ဖုန်းနှင့် အင်တာနက်လိုင်းအခက်အခဲကြောင့်မြေပြင်အခြေအနေကို အသေးစိတ် မသိနိုင်သေးပေ။ ဖုန်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကာကွယ်ရေးတပ်ဖွဲ့တွေကအရပ်သား‌တွေထိမှာစိုးလို့ အကန့်အသတ်နဲ့ လုပ်နေရတယ်။ စစ်တပ်က အရပ်သားကို လူသားတံတိုင်းလုပ်ထားပြီး ခုခံနေပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ယမန်​နေ့က စစ်​ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် ၇ ကြိမ်ထက်မနည်းလာ​ရောက်ပစ်ခတ်​ခဲ့​ကြောင်း၊သို့​သော်PDF များကျဆုံးမှုများ​နေသည်ဆို​သောသတင်းများမှာမဟုတ်သလို မီး​လောင်ဗုံး​ကြောင့်ပြည်သူ၁၀၀ ​​ကျော်​သေပြီး မီး​လောင်​နေသည်ဆိုခြင်းမှာလည်းမဟုတ်​ကြောင်းKawlin info က ယ​မန်နေ့ည သန်း​ခေါင်ယံတွင် ​ဖော်ပြသည်။ထို့အပြင် ရေကျော်မြောက်ကျောင်းနှင့်လေသာကျောင်းတို့မှာစစ်တပ်​လေ​ကျောင်းတိုက်ခိုက်မှုတွင်ထိမှန်​သော်လည်း လူထိ့ခိုက်မှုရှိမရှိမသိရ​သေးပါ။

သို့​သော်အိမ်မက်နန်းတော်ရှေ့ လမ်းပေါ်တွင် လူ ၂ဦး​ ​သေဆုံးနေ​ခြင်းမှာမှန်ပြီးစစ်​ကောင်စီတပ်က လမ်ပေါ်မဲမဲမြင်ရာ ပစ်၍ ဖြစ်​ကြောင်း ​ဖော်ပြထားသည်။ထိုအပြင် ဝန်းသိုမှ စစ်​ကောင်စီတပ် စစ်ကူလာသည်ဆိုခြင်းမှာလည်း မဟုတ်​ကြောင်း Kawlin Info ကအသိ​ပေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။