Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့ပေါ်၌ တိုက်ပွဲဖြစ်ပြီး ပြည်သူအချို့ ပိတ်မိနေ

ယနေ့ (နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းမှစတင်ကာ ကောလင်းမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့ပေါ်နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ကောလင်းမြို့ပေါ်မှဒေသခံများအား တွေ့ရစဥ်။ရဓာတ်ပုံ-Kawlin Info
ထွက်ပြေးတိမ်းရှောင်လာရသော ကောလင်းမြို့ပေါ်မှဒေသခံများအား တွေ့ရစဥ်။ရဓာတ်ပုံ-Kawlin Info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်တွင် ပစ်ခတ်မှုများဖြစ်ပွားနေပြီး ပိတ်မိနေသောပြည်သူများလည်းရှိနေကြောင်း ​သတင်းရရှိသည်။

ယနေ့ (နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းမှစတင်ကာ ကောလင်းမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး မြို့ပေါ်နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ငြိမ်လိုက် ပစ်လိုက်ပဲ။ ထွေအုပ်နားကိုလည်းပစ်တယ်။ တချို့ဘုန်းကြီးကျောင်းသွားနေကြတယ်။ တချို့ကအိမ်ထဲမှာပဲ။”ဟု ကောလင်းဒေသခံတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော မြို့တွင်းမှပြည်သူများအား ကောလင်းမြို့နယ် ပအဖ၊ပကဖ၊ပလဖနှင့် ပြည်သူများက စောင့်ရှောက်ထားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ကောလင်းလက်ရှိအခြေအနေက မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလျက်ရှိဆဲပါ။ လက်နက်ကြီး၊ လက်နက်ငယ်အသံများ ဆက်လက်ကြားနေရဆဲဖြစ်ပြီး အချို့ပြည်သူများ မြို့အတွင်းတွင်ပိတ်မိနေဆဲပါ။”ဟု Kawlin Revolution-KRအဖွဲ့က ရေးသားထားသည်။

နံနက် ၉နာရီခန့်က ဂျက်ဖိုက်တာတစ်စီးသည် ကောလင်းမြို့ပေါ် သုံးပျံသန်းပြီး ငါးကြိမ်ပစ်ခတ်ခဲ့ရာ ပြည်သူများ အထိအခိုက်မရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နံနက် ၇ နာရီခွဲခန့်ကတည်းက အင်အား၅၀ကျော်ဖြင့် မြို့အတွင်း ကင်းပတ်နေကြောင်း၊ မြို့တွင်းရှိ အထပ်မြင့်တိုက်အချို့တွင် နေရာယူကာ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။