Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံးကိုးမြို့နယ်အုပ်ချုပ်ရေး ပြန်လည်ထူထောင်နိုင်ပြီဟု MNDAA ထုတ်ပြန်

နိုဝင်ဘာလ ၇ ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေး သတင်းများကို ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ MNDAAမှ မုံးကိုးနယ်စပ်ဂိတ် ကိုပြန်လည်သိမ်းယူခဲ့ပုံ
နိုဝင်ဘာလ ၇ ရက်နေ့ MNDAAမှ မုံးကိုးနယ်စပ်ဂိတ် ကိုပြန်လည်သိမ်းယူခဲ့ပုံ

▪️ဒေသခံပြည်သူ့စစ်အားလုံးလည်း ကြောက်ရွံ့ထွက်ပြေးသွားဟု ဖော်ပြ

ညီနောင်မဟာမိတ် (၃)ဖွဲ့အနေဖြင့် မုံးကိုးဗျူဟာကုန်းနှင့် တပ်စခန်းများကို ထပ်မံသိမ်းယူရရှိပြီး မုံးကိုးမြို့နယ်၏အုပ်ချုပ်ရေးပိုင်းကို ပြန်လည်ထူထောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၇ ရက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ဖော်ဆောင်ခဲ့သည့် စစ်ဆင်ရေး သတင်းများကို ဖော်ပြရာ၌ အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ မုံးကိုးနယ်စပ်ဂိတ်ကိုပြန်လည်သိမ်းယူပြီးနောက် သန့်ရှင်းရေးလုပ်နေကြပုံ
နိုဝင်ဘာလ ၇ ရက်နေ့ မုံးကိုးနယ်စပ်ဂိတ်ကိုပြန်လည်သိမ်းယူပြီးနောက် သန့်ရှင်းရေးလုပ်နေကြပုံ

စစ်ဆင်ရေး (၁၂)ရက်နေ့မြောက်တွင် ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ကိုးကန့် ၊ မုံးကိုး ၊ ကွတ်ခိုင် စသည့်နေရာတွင်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မုံးကိုးမြို့နယ်၏အုပ်ချုပ်ရေးကိုလည်း ပြန်လည်ထူထောင်နိုင်ခဲ့ရာ မူလအထူး ဒေသ(၁)၏နယ်မြေတစ်ချို့ကို ပြန်လည်ရယူနိုင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် မဟာမိတ်တပ်များသည် ယခင်ကလည်း ချင်းရွှေဟော်၊ သိန္နီ၊ ဖောင်းဆိုင်၊ ပန်ဆိုင်း တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။ ထို့ပြင် နမ့်ခမ်းဘက်တွင်လည်း TNLA တပ်က စီးနင်းထိန်းချုပ်ထားသည့် အခြေအနေဖြစ်သည်။

MNDAAသည် နိုဝင်ဘာ ၅ရက် ညနေပိုင်းတွင်း စစ်ကောင်စီ၏မုံးကိုးဗျူဟာကုန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၇ရက် နေ့လယ် ၁၂နာရီ ၄၀မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သိမ်းပိုက်ပြီးနောက် ညနေပိုင်းတွင် ကိုးကန့်(MNDAA)နှင့် ဒေသလုံခြုံရေးအဖွဲ့တို့သည် မုံးကိုးမြို့၏အုပ်ချုပ်ရေးများကို ပြန်လည်ထူထောင်နိုင်ခဲ့သည်ဟု အသိပေးသည်။

ဒေသခံပြည်သူ့စစ်အားလုံးလည်း ကြောက်ရွံ့ထွက်ပြေးသွားပြီး မုံးကိုးခရိုင်တစ်ခုလုံးကိုလည်း ပြန်လည်ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ စစ်ကောင်စီ၏မုံးကိုးဗျူဟာကုန်းကို သိမ်းပိုက်ချိန် သိမ်းဆည်းရရှိသောလက်နက်
နိုဝင်ဘာလ ၇ ရက်နေ့ စစ်ကောင်စီ၏မုံးကိုးဗျူဟာကုန်းကို သိမ်းပိုက်ချိန် သိမ်းဆည်းရရှိသောလက်နက်

ထို့ပြင် ကိုးကန့်တုန်းရှမ်းဒေသပန်းဝါစခန်း ၊ ဟုန်ရှင်း(မော်ထိုက်)ဒေသ ရှင့်ထန်ကျေးရွာအုပ်စု တာကျိုင့်တောင် အောက်ခြေရှိ တပ်စခန်း ၊ ဟုန်ရှင်းဒေသ ကော်ကြာတု နှင့် ရှီးရှမ်းဒေသ မန်လော်ကျေးရွာအုပ်စု တာပတုတံတား တစ်ဘက်တစ်ဖက်ခြမ်းရှိ ပန်လုံတောင်စခန်း စသည့် စစ်ကောင်စီ၏တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းယူ နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်သည်။

MNDAAသည် တာရွှေထန်နေရာရှိ စစ်ကောင်စီ၏ နံပါတ်(၁၁)စခန်းကိုထိုးစစ် တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီမှ တိုက်လေယာဉ်များဖြင့် ၎င်းနေရာကို အကြိမ်ပေါင်းများစွာ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ခြင်းကြောင့် စစ်နည်းပရိယာယ်အရ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း အသိပေးထားသည်။

စစ်ကောင်စီတိုက်လေယာဉ်များသည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ တာကန်ထန်တပ်စခန်းကို လာရောက်ဗုံးကြဲပစ်ခတ်ပြီး ခြံကိုင်းကျေးရွာသို့ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အရပ်သားတစ်ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်လည်းဖျက်ဆီးခံရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေးမြန်းခန်း

လောက်ကိုင်မြို့မှာစစ်​ကောင်စီနဲ့ MNDAA တို့ကြား ဒီ​ဇင်ဘာလကုန်အထိအပစ်ရပ်တယ်လို့ ကနဦးစုံစမ်းသိထားရပါတယ်။

မေးမြန်းခန်း

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​

သတင်း

ကွမ်းလုံမြို့ကို MNDAAက နိုဝင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၂ရက်အကြာတွင် မြို့နှင့်ဒေသတွင်း စစ်ကောင်စီတပ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီက ဒီဇင်ဘာ ၇ရက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။