Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နောင်ချိုတွင် သံချပ်ကာယာဥ်သုံးစီးဖြင့်စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ယာဥ်တစ်စီးဖျက်ဆီးနိုင်ခဲ့ဟု TNLA အသိပေး

TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်တို့က ယမန်နေ့ည ၉နာရီခွဲကျော်တွင် ပစ်ခတ်ခဲ့ခြင်းဟု အသိပေးသည်။ ပစ်ခတ်မှုကြောင့် ကျန်ယာဥ်နှစ်စီးနှင့် စစ်ကောင်စီတပ်တို့မှာ နောက်ပြန်ဆုတ်သွားသည်ဟု ထပ်မံအသိပေးသည်။

(နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတိုက်ပွဲမြင်ကွင်းအား TNLAက ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတိုက်ပွဲမြင်ကွင်းအား TNLAက ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတွင် သံချပ်ကာ ယာဥ်သုံးစီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား ယမန်နေ့ ညက တိုက်ခိုက်ရာ သံချပ်ကာယာဥ်တစ်စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ ထုတ်ပြန်သည်။

TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်တို့က ယမန်နေ့ည ၉နာရီခွဲကျော်တွင် ပစ်ခတ်ခဲ့ခြင်းဟု အသိပေးသည်။ ပစ်ခတ်မှုကြောင့် ကျန်ယာဥ်နှစ်စီးနှင့် စစ်ကောင်စီတပ်တို့မှာ နောက်ပြန်ဆုတ်သွားသည်ဟု ထပ်မံအသိပေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ နာမည်ကျော်ဂုတ်ထိပ်တွင်လည်း စစ်ကောင်စီတပ်နှင့် တအောင်းတပ်မတော်(TNLA)၊မန္တလေး PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။

(နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတိုက်ပွဲမြင်ကွင်းအား TNLAက ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ - TNLA)
(နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာအနီးတိုက်ပွဲမြင်ကွင်းအား TNLAက ထုတ်ပြန်ထားစဥ်။ ဓာတ်ပုံ – TNLA)

ကျောက်မဲမြို့နယ်အပိုင်တွင်ရှိသော ဂုတ်ထိပ် View Point နေရာတွင် TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်တို့က နိုဝင်ဘာ ၆ရက်တွင် ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဂုတ်ထိပ်သည် ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့က တစ်ခြမ်းစီနယ်မြေပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ‌

အဆိုပါနေရာ၌ နိုဝင်ဘာ ၆ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေရာ ယမန်နေ့ညတွင် တိုက်ပွဲပိုမိုပြင်းထန်လာခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့နံနက် ၉နာရီခွဲခန့်က နောင်ချိုမြို့နယ်ရှိ ရွှေညောင်ပင်ကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက အသိပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်ရက်များက တိုက်ပွဲပြင်းထန်ခဲ့သော နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့နေ့လယ် ၁၂နာရီခန့်တွင် ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည်ဟု နောင်ချိုဒေသခံများက ပြောသည်။ အဆိုပါကျေးရွာနေ ပြည်သူများမှာ တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ရက်ကတည်းက နေအိမ်များစွန့်ခွာခဲ့ကြသည်။

အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့က ‘၁၀၂၇စစ်ဆင်ရေး’ စတင်ကြောင်း ကြေညာကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများအား နံနက် ၄ နာရီမှစတင်ပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်။

အောက်တိုဘာ ၂၉ရက် နံနက်တွင် TNLAနှင့်မန္တလေး PDF တို့သည် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့သွားရာလမ်းဘေးရှိ နောင်ချိုမြို့အထွက် ကောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီ၏ ခမရ(၁၁၄)တပ်ရင်းအား စတင်တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAနှင့်မန္တလေး PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေသည်မှာ ၁၁ရက်ကြာရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။