Connect with us

Hi, what are you looking for?

သတင်း

ပေါက်ခေါင်းတွင် စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်ဆိုသူကို PDF ပစ်သတ်

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ပေါက်ခေါင်းတွင် စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်ဆိုသူကို PDF ပစ်သတ်
ပေါက်ခေါင်းတွင် စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်ဆိုသူကို PDF ပစ်သတ်

ပေါင်းခေါင်းမြို့နယ် လှည်းကူးကျေးရွာအုပ်စုမှ စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်ဟုဆိုသူတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း(၃၆၀၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လှည်းကူးအုပ်စု ကျောက်ပြင်သာရွာမှ စစ်ကောင်စီထောက်တိုင်ပျူစောထီးခေါင်းဆောင် ဝင်းနိုင်ဆိုသူအား ယမန်နေ့ ညနေ ၃နာရီခွဲတွင် ပြည်ခရိုင်တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၅)နွေဦးအဖွဲ့နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၃)တို့မှ ၎င်း၏ခြံဝင်းအတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“သူ၏နေအိမ်ခြံဝင်းအတွင်းဝင်ရောက် ပစ်ခတ်ရှင်းလင်းရာ ဦးခေါင်းထိမှန်ပြီးနေရာမှာတင်ပွဲခြင်းပြီးသေဆုံးသွားပါသည်”ဟု တပ်ရင်း(၃၆၀၁)က အသိပေးသည်။

အဆိုပါ ဝင်းနိုင်ဆိုသူမှာ လှည်းကူအုပ်စုအတွင်း ကျေးလက်စိုက်ပျိုးရေးချေးငွေ ဘဏ်ဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ရာတွင် လယ်သမားများအား စိုက်ပျိုးရေးချေးငွေများကိုအတင်းအကြပ်ဖိအားပေးဆပ်ခိုင်းခြင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းကိုစုံစမ်းကာ စစ်ကောင်စီထံ ပေးပို့ခြင်း၊ ပျူစောထီးသင် တန်းဆင်းတစ်ဦးလည်းဖြစ်၍ ယခုကဲ့သိုပစ်ခတ်ရှင်လင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

ပြည်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များအား စစ်ရေးပစ်မှတ်မှတ်များအဖြစ်သတ်မှတ်တိုက်ခိုက်လျှက်ရှိရာ ယမန်နေ့(နိုဝင်ဘာ ၈)နေ့လယ်ပိုင်းက ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို မရိုးကျွန်းနှင့် သရက်စမ်းရွာကြားတွင် ပြည်ခရိုင် တပ်ရင်း(၃၆၀၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook